Application များကို Shortcut ပြုလုပ်ထားခြင်း
ကွန်ပျူတာအတွင်း ထည့်သွင်းအသုံးပြုထားတဲ့ Application များကို သင်နှစ်သက်ရာ shortcut အနေဖြင့် ပြုလုပ်ဖန်တီးထားလို့ ရပါတယ်။
ဒီလိုမျိုး Shortuct များအနေဖြင့် ပြုလုပ်ဖန်တီးထားခြင်းအားဖြင့် ၎င်း Application များကို Run ပြုလုပ်ရာမှာ Shortcut ကို နှိပ်ပြီး Run ပြုလုပ်နိုင်ပါတယ်။ ဒီတော့ အချိန်ကုန်သက်သာသလို၊ လျှင်လျှင်မြန်မြန်နှင့် Application ကို Run ပြုလုပ်ပေးနိုင်ပါတယ်။
Appliction တစ်ခုကို Shortcut ပြုလုပ်ရန်အတွက် နှစ်သက်ရာ Appliction တစ်ခုကို ရွေးချယ်ပါ။ ပြီးနောက် Right Click > Properties ကို နှိပ်လိုက်ပါ။
Fig 22
ပြီးနောက် Shortcut tag ကို ဝင်ရောက်ပါ။ Shortcut Key နေရာမှာ သင်အသုံးပြုလိုသည့် Key တစ်ခုခုကို ထည့်သွင်းပေးရပါလိမ့်မယ်။ အဲဒီလို ထည့်သွင်းရာမှာ ပုံမှန်အားဖြင့် Control + Alter နှစ်မျိုး ပေါင်းစပ်အသုံးပြုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတာ့ Control Key တစ်မျိုးတည်းကို အသုံးပြုပါက Windows Shortcut များနှင့် အမျိုးအစား တူညီသွားနိုင်ပါတယ်။
ဒါကြောင့် Shortcut အမျိုးအစား မတူအောင် Control + Alter + Key သုံးမျိုး ထည့်သွင်းပေးရပါမယ်။ ပြီးနောက် Ok ကို နှိပ်ပြီးထွက်လိုက်ပါ။ နောက်တစ်ကြိမ် Desktop ပေါ်မှာ သင်ထည့်သွင်းထားတဲ့ Shortcut ကို နှိပ်လိုက်တာနှင့် ဒီ Application Run လာပါလိမ့်မယ်။
fig 23