Asus RT-AC87U Wi Fi Router
Asus မှ ထုတ်လုပ်လိုက်သော မြန်နှုန်းမြင့် Router တစ်ခုဖြစ်ပြီး Model ကတော့ RT-AC 87U ဖြစ်ပါတယ်။ Wi Fi ကွန်ယက်မှာ အဓိကထားအသုံးပြုရမှာဖြစ်ပြီး အမြန်နှုန်းမှာ အခြား Router များထက် သာလွန်ကြောင်း Asus မှ ပြောကြားခဲ့ပါတယ်။
Asus RT-AC87U Router တွင် antennas လေးခု ပါဝင်ပြီး ဒါဟာ ၎င်းရဲ့ ပထမဦးဆုံး 4 x 4 Router တစ်မျိုးဖြစ်ကြောင်း၊ အမြင့်ဆုံး Link Rate မှာ 1734 Mbps အထိ ရရှိမှာဖြစ်ပြီး Frequency Band အနေဖြင့် 5 GHz (802.11 ac mode) ဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် Asus RT-AC87U ဟာ 2.4 GHz Frequency Band Stream သုံးမျိုးကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ကြောင်း Maximum Link Rate ဟာ 6000 Mbps အထိ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
Asus RT-AC87U တွင် Gigabit WAN Port ပါဝင်ပြီး အခြား Gigabit Switch လေးခုလည်း ပါဝင်ပါတယ်။ အနောက်ဖက်တွင် USB 2.0 Port တစ်ခု WPS (Wi Fi Protected Setup) Reset Button နှင့် Power Switch တို့ ပါဝင်ပါတယ်။ Router တွင် အသုံးပြုထားသော Antenna များကိုလည်း အလွယ်တကူ ဖြုတ်တတ် ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးထားတာကို တွေ့ရပြီး Wi Fi Radio များကိုပါ ဖမ်းယူနားဆင်နိုင်ရန် ပြုလုပ်ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း Asus မှ ပြောကြားခဲ့ပါတယ်။