Auto Restart ကို Disable ပြုလုပ်ခြင်း
ပထမဦးဆုံး ကွန်ပျူတာတစ်လုံး Restart ကျရခြင်း အကြောင်းအရင်းများကို အရင်ဆုံး ပြောပြပါမယ်။ကွန်ပျူတာတစ်လုံးဟာ Restart ခဏခဏကျနေမယ်ဆိုရင် ကွန်ပျူတာရဲ့ error ဟာ ဖြစ်နိုင်ချေ အချက်အလက်များစွာ ရှိပါတယ်။
ကွန်ပျူတာတစ်လုံးဟာ Restart ခဏခဏကျနေမယ်ဆိုရင် CPU Fun ကြောင့် ဖြစ်နိုင်ပါတယ်။ CPU Fun တွေ ကောင်းစွာ မလည်တဲ့အခါမှာ ကွန်ပျူတာအတွင်းရှိ CPU ဟာ အပူလွန်ကဲလာပြီး Restart ကျတတ်ပါတယ်။
အထူးသဖြင့် ကွန်ပျူတာအတွင်း တွက်ချက်မှုစနစ်များ ပြုလုပ်လုပ်ဆောင်တဲ့အခါမျိုး တစ်နည်းအားဖြင့် CPU ပိုမိုအလုပ်လုပ်ရတဲ့အခါမျိုးတွေမှာ Overhead ဖြစ်ပြီး Restart ခဏခဏကျလာတတ်ပါတယ်။
နောက်တစ်ချက် Restart ကျနိုင်ချေကတော့ RAM ကြောင့် ဖြစ်ပါတယ်။ RAM မကောင်းတဲ့အခါမျိုးမှာလည်း Restart ခဏခဏကျတတ်ပါတယ်။ နောက်တစ်ချက်ကတော့ Windows OS ကြောင့် Restart ခဏခဏကျတတ်ပါတယ်။ Windows OS အတွင်းရှိ File များ Lost ဖြစ်နေတာမျိုး ၊ Windows Stable မဖြစ်တဲ့အခါမျိုးတွေမှာ Restart ခဏခဏကျတတ်ပါတယ်။
တစ်ခါတစ်ရံမှာဆိုရင် Windows Loading Test မှာတင်ပဲ Restart ခဏခဏကျသွားပြီး OS ကြီးတစ်ခုလုံး ကောင်းစွာ Boot မလုပ်နိုင်တာမျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒီအချက်တွေအားလုံးမှာ Error မဖြစ်ပဲ Automatically Restart ကြောင့်ဆိုရင်တော့ အောက်ပါနည်းလမ်းအတိုင်း Restart ကို Disable လုပ်ခြင်းအားဖြင့် ဖြေရှင်းပေးနိုင်ပါတယ်။
Restart ကို Disable ပြုလုပ်ရန်အတွက် My Computer ကို Right Click နှိပ်ပြီး Properties ကို ရွေးလိုက်ပါ။
ပြီးနောက် advanced System Settings ကို နှိပ်လိုက်ပါ။
ပြီးနောက် Advanced Tag ကို သွားပါ။ သူ့ရဲ့ အောက်မှာရှိတဲ့ Startup and Recovery ဘေးနားက Setting ကို နှိပ်လိုက်ပါ။
System failure အောက်မှာရှိတဲ့ Automatically restart ဆိုတာ ဘေးနားမှာ အမှန်ခြစ်လေး ဖြုတ်လိုက်ပါ။ ပြီးနောက် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင့်ကွန်ပျူတာ Restart ခဏခဏကျနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါပြီ။