Bing ရဲ့ Feature များ

Written by S.N.O Published in 02 Jun 2014

      Bing ရဲ့ Feature တွေနဲ့ အားသာချက်တွေကတော့ ပြောရရင် တော်တော်များများ ရှိပါတယ်။ Search Engine များအကြား Bing ဟာ တတိယ လူသုံးအများဆုံး Search Engine ဖြစ်ပေမယ့် Bing ဟာ ဓါတ်ပုံများ ရှာဖွေရာမှာ အလွန်ကောင်းတဲ့ Search Engine ဖြစ်လို့ လူကြိုက်များပါတယ်။ Bing ရဲ့ ထင်ရှားတဲ့ Feature တွေကို ဖော်ပြရမယ် ဆိုရင်တော့ ...

1. Bing တွင် ဗီဒီယိုများကို ရှာဖွေရာတွင် ဗီဒီယို၏ ကြာမြင့်ချိန်၊ စကရင်အရွယ်အစား၊ resolution တို့ကို အသေးစိတ် ပြင်ဆင် အသုံးပြုနိုင်ပါတယ်။

2. အားကစားနှင့် ပတ်သက်သော ပွဲရလဒ်များကို တိုက်ရိုက် ရှာဖွေနိုင်ပါတယ်။

ဥပမာအားဖြင့် လက်ရှိထုတ်လွင့်နေတဲ့ ကမ္ဘာ့ဖလားရလဒ်ကို သိရှိလိုပါက World cup score ဟု ရိုက်ထည့်ကာ ရှာဖွေကြည့်ပါ။ ထိုအခါ မည်သည့်အသင်းများ ယှဉ်ပြိုင်ခဲ့သည် မည်သူနိုင်ခဲ့သည်ဆိုတာကို ရှင်းလင်း တိကျစွာ ပြန်လည်ဖော်ပြပေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။

 

 

3. Bing မှတဆင့် stock ဈေးကွက်ကို တိုက်ရိုက်ကြည့်ရှု ရှာဖွေနိုင်ပါတယ်။

4. သင်္ချာကိန်းဂဏန်းများကို Bing မှတဆင့် တွက်ချက်ကာ အဖြေရှာဖွေနိုင်ပါတယ်။ လွယ်လွယ် ပြောရရင်တော့ ဂဏန်းပေါင်းစက်လို အသုံးပြုနိုင်ပါတယ်။

5. လေယဉ်လမ်းကြောင်း၊ သင်္ဘောလမ်းကြောင်းများကို ကုမ္ပဏီအမည်ရိုက်ထည့်၍ တိုက်ရိုက် ရှာဖွေနိုင်ပါတယ်။

6. အဘိဓာန်အနေဖြင့် အသုံးပြုရန်အတွက်ကတော့ မိမိသိရှိလိုသော စကားလုံးကို define ခံကာ ရိုက်ထည့် ရှာဖွေနိုင်ပါတယ်။

7. Bing အား စာလုံးပေါင်းသတ်ပုံ စစ်ဆေးပေးသည့် Spelling check အနေဖြင့် အသုံးပြုနိုင်ပါတယ်။

8. Bing မှတဆင့် ကျန်းမာရေးနှင့် ပတ်သက်သော သတင်းအချက်အလက်များ လေယဉ်လက်မှတ် ဝယ်ယူရရှိနိုင်မည့် လေဆိပ်လိပ်စာများကို တိုက်ရိုက် ရှာဖွေနိုင်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.