Bing Search engine နှင့် ပတ်သက်သမျှ

Written by S.N.O Published in 02 Jun 2014

      Bing search engine ဆိုတာဟာ Microsoft မှ လွင့်တင်ခဲ့တဲ့ search engine တစ်ခုဖြစ်ပြီး ၎င်းဟာ Live search, Windows Live Search နှင့် MSN Search အနေဖြင့် အသုံးပြုရန် ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ Bing ဟာ အရာရာပြီးပြည့်စုံတဲ့ search engine တစ်ခုဖြစ်လာခဲ့ပြီး Google , Yahoo တို့နှင့် ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေဆဲ Search Engine တစ်ခုပဲ ဖြစ်ပါတယ်။

Bing Search Engine အား 2009 ခုနှစ် မေလ တွင် Microsoft CEO Steve Ballmer မှ စတင်ကြေညာ မိတ်ဆက်ခဲ့ပြီး ၎င်းရဲ့ အားသာချက်အချို့ကိုပါ ပေါင်းစပ်သရုပ်ပြခဲ့ပါတယ်။ Bing နှင့် ပတ်သက်၍ Preview version ကိုတော့ 2009 ခုနှစ် ဇွန်လတွင် လွင့်တင်မိတ်ဆက်ခဲ့ပြီး ဇွန်လ 3 ရက်နေ့မှာတော့ အပြီးသတ် လွင့်တင်နိုင်ခဲ့ပါတယ်။

 

 

     ယခုနှစ် ဇန်န၀ါရီလမှာတော့ Bing အသုံးပြုနှုန်းဟာ 3.16% အထိရှိလာပြီး တတိယ လူသုံးအများဆုံး Search engine ဖြစ်လာခဲ့ပါတယ်။ Bing search engine ရှိ နောက်ခံဓာတ်ပုံများဟာ အမြဲတစေ ပြောင်းလဲနေပြီး ၎င်းဓာတ်ပုံများဟာ ကမ္ဘာအနှံ့အပြားရှိ နာမည်ကြီးရှုခင်းဓာတ်ပုံများ၊ သဘာဝအလှပုံများ၊ အားကစားနှင့် လေးစားဖွယ်ရာပုဂ္ဂိုလ်များ အစရှိသည်တို့ကို လွင့်တင်ပေးထားခြင်းဟာ Bing ရဲ့ ထူးခြားချက်တစ်ရပ် ဖြစ်ပါတယ်။

ထို့ပြင် ၎င်းရဲ့ နောက်ခံဓာတ်ပုံများကြောင့် သတင်းအချက်အလက်များ ရရှိစေရန်နှင့် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်လွင့်တင်ထားခြင်း ဖြစ်တယ်လို့ သုတေသီများက ချီးမွမ်းပြောဆိုခဲ့ကြပါတယ်။ Bing တွင် ဓာတ်ပုံများရှာဖွေရာ၌ perview အနေဖြင့် ရှုခင်းအလှပုံများကို ဝေေ၀ဆာဆာ ဖော်ပြပေးထားတာကြောင့် အသုံးပြုသူကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။

ဓာတ်ပုံပေါင်းမြောက်များစွာအား အချိန်ခဏတာအတွင်း ရှာဖွေပေးနိုင်ပြီး အခြား related search ခေါင်းစဉ်များကိုလည်း Bing ၏ ဘယ်ဖက်တွင် ဖော်ပြပေးထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံအရွယ်အစား၊ layout အပြင်အဆင်၊ အရောင်၊ စတိုင်၊ အစရှိသဖြင့် အသေးစိတ်ပြင်ဆင်ရှာဖွေပေးနိုင်ပြီး ၎င်းအောက်ခြေ၌ Search History ကိုပါ တစ်ပါတည်း ထည့်သွင်း ဖော်ပြပေးထားပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.