Bling Text Effect တစ်ခုကို ဖန်တီးခြင်း (1)

Written by S.N.O Published in 29 Nov 2014

         ဒီသင်ခန်းစာလေးကတော့ Bling ဖြစ်ပြီး တောက်ပနေတဲ့ Text Effect တစ်ခုကို ဖန်တီးရယူရန် ဖြစ်ပါတယ်။ ဒီသင်ခန်းစာကို လေ့လာခြင်းအားဖြင့် Filter များအသုံးပြုခြင်း ၊ Glass အသုံးပြုခြင်း ၊ FX အသုံးပြုခြင်းများကို နားလည်သဘောပေါက်လာမှာ ဖြစ်ပါတယ်။

ထို့အပြင် ဒီ Bling ကိုအသုံးပြုတတ်ပြီဆိုလျှင် အခြား သင်အလိုရှိရာ Graphic ပုံများတွင် ဒီ Filter များကို ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ Bling Text Effect တစ်ခုကို ပြုလုပ်ဖန်တီးရန်အတွက် အရင်ဆုံး Adobe Photoshop CS 5 ကို ဖွင့်လိုက်ပါ။ ပြီးနောက် File Manu > New Document ကို ရွေးလိုက်ပါ။

 

 

         ပြီးနောက် ဘယ်ဖက် Tool Bar မှ Type Tool ကိုယူကာ BLING ဆိုပြီး ယခုလို စာရိုက်ထည့်လိုက်ပါမယ်။ Font ကိုတော့ သင်နှစ်သက်ရာ Font အမျိုးအစား တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။ Font Size ကိုတော့ အတော်လေး ကြီးကြီးမားမား အရွယ်အစား ရရှိတဲ့အထိ ချဲ့ပေးထားလိုက်ပါ။

 

 

ယခု ပြုလုပ်လိုက်တဲ့ Text Layer ဟာ Filter များ ထည့်သွင်းအသုံးပြုလိုမရပါဘူး။ ဒါကြောင့် သူ့ကို ပုံမှန် Graphic Layer အနေဖြင့် ပြောင်းလဲပေးရပါမယ်။ တနည်းအားဖြင့် ဆိုသော် စာ Layer အစား ပုံအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ညာဖက် Layer ပေါ်တွင် Right Click နှိပ်လိုက်ပါ။ ပြီးနောက် Rasterize Type ကို ရွေးချယ်ပေးလိုက်ပါမယ်။ ဒါဆိုရင် ဒီ Layer ဟာ ပုံမှန် Graphic Layer တစ်ခု ဖြစ်သွားပါပြီ။

 

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.