Bling Text Effect တစ်ခုကို ဖန်တီးခြင်း (2)
ဒီလို Graphic Layer ဖြစ်သွားတဲ့အခါမှာ စာလုံးတွေချည်းပဲ ရွေးပြီး Select မှတ်ပေးရပါမယ်။ ဒါကြောင့် ညာဖက် Layer ပေါ်မှာ Control + Click နှိပ်လိုက်ပါ။ ဒါဆိုရင် စာသားတွေချည်းကိုပဲရွေးချယ်ပြီး Select မှတ်ပေးထားတာကို တွေ့ရပါလိမ့်မယ်။
ပြီးနောက် ဒီလို Select ၀င်နေတဲ့အချိန်မှာပဲ Filter Manu > Render > Clouds ကို ရွေးချယ်ပေးလိုက်ပါမယ်။ ဒါဆိုရင် စာသားဟာ Cloud ပုံစံ အရောင်ပြေးအနေဖြင့် ပြောင်းလဲသွားတာကို တွေ့မြင်ရပါလိမ့်မယ်။
ဆက်လက်ပြီး ဒီ Cloud ပုံစံ စာသားအတွင်း နောက်ထပ် Filter တစ်ခုကို ပေါင်းစပ်ထည့်သွင်းရပါမယ်။ ဒါကြောင့် Filter Menu> Distort > Glass ကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် Glass Options ကို တွေ့ရပါလိမ့်မယ်။
ညာဖက် Glass Options မှာ Distortion ကို 18 လောက်ထားပါ။ Smoothness ကိုတော့ 1 မှာထားလိုက်ပါ။ Scaling ကိုတော့ 84 လောက်ပြောင်းလဲပေးလိုက်ပါ။ ပြီးနောက် OK ကို နှိပ်လိုက်ပါ။
ဒါဆိုရင် Bling ပုံစံ Text တစ်ခုကို ရရှိသွားပြီ ဖြစ်ပါတယ်။