Bling Text Effect တစ်ခုကို ဖန်တီးခြင်း (4)
ယခု ဒီအနီရောင်ကို ရွှေရောင်အဖြစ် ပြောင်းလဲပါမယ်။ ဒါကြောင့် Layer ရဲ့ အောက်ခြေမှာရှိတဲ့ အ၀ိုင်းပုံလေးကို နှိပ်ပြီး Hue / Saturation ကို ရွေးပေးလိုက်ပါမယ်။
Hue : နေရာမှာ 40 သို့ပြောင်းပေးလိုက်ပါမယ်။ ကျန်တာတွေကိုတော့ ဒီအတိုင်းပဲ ထားလိုက်ပါမယ်။ ဒါဆိုရင် ရွှေရောင်တောက်ပနေတဲ့ Bling Text Effect တစ်ခုကို ရရှိသွားပြီ ဖြစ်ပါတယ်။
ဒီ Text ရဲ့ Background အရောင်ကို သင်နှစ်သက်ရာ အရောင်တစ်မျိုးမျိုးသို့ ပြောင်းလိုက်ပါ။ ပြောင်းလဲပုံကတော့ Background layer မှာ အရောင်တစ်မျိုးမျိုး ထည့်သွင်းလိုက်ယုံသာ ဖြစ်ပါတယ်။
တကယ်လို့ အရောင်ပြေးအနေဖြင့် လိုချင်တယ်ဆိုရင်တော့ Gradient ကို ပေါင်းစပ် အသုံးပြုနိုင်ပါတယ်။