Bling Text Effect တစ်ခုကို ဖန်တီးခြင်း (5)
ဒီလို Backgrond ကိုပြောင်းလဲပြီးနောက် Bling Layer နဲ့ Hue / Saturation ကို ပေါင်းစပ်လိုက်ပါမယ်။ ဘာလို့ Layer နှစ်ခုပေါင်းစပ်သလဲဆိုတော့ Hue / Saturation နှင့် Bling Layer နှစ်ခုကွဲနေတဲ့အတွက်ကြောင့် Effect ထပ်ထည့်မယ်ဆိုရင် ပုံမှန် Layer ကိုသာ သက်ရောက်မှုရှိပါတယ်။
Hue / Saturation ကို သက်ရောက်မှု မရှိပါဘူး။ ဒါကြောင့် Layer နှစ်ခုပေါင်းစပ်ရန်အတွက် Bling Layer နှင့် Hue / Saturation နှစ်ခုစလုံးကို Select မှတ်လိုက်ပါ ။ ပြီးနောက် Control + E ကို တွဲနှိပ်လိုက်ပါ။ ဒါဆိုရင် ဒီ Layer နှစ်ခုဟာ တစ်ပေါင်းတည်း ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။
Filter Menu ထဲမှ Render > Lens Flare ကို ရွေးပေးလိုက်ပါမယ်။
Lens Flare ကို B ပေါ်သို့ ရွှေ့ပြောင်းထားလိုက်ပါမယ်။ ဒါကြောင့် + ပုံစံလေးကို B စာလုံးပေါ်သို့ ရွှေ့လိုက်ပါ။ ပြီးနောက် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် B စာလုံးလေးမှာ အလင်းဝင်သွားတာကို တွေ့ရပါလိမ့်မယ်။ အခုဆိုရင်တော့ လှပကောင်းမွန်တဲ့ Bling Text Effect တစ်ခုကို ရရှိသွားပြီ ဖြစ်ပါတယ်။