Bullet များ ထည့်သွင်းခြင်း
Adobe InDesign တွင် အခြားသော Word Program များကဲ့သို့ စာပိုဒ်စာလုံးများအကြား Bullet အမှတ်အသားများ ထည့်သွင်းနိုင်ပါတယ်။ Adobe InDesign မှာ အသင့်အသုံးပြုနိုင်သော Bullet များပါဝင်သလို နောက်ထပ် အခြား Font များမှ Bullet Character များကိုလည်း ထပ်မံထည့်သွင်းအသုံးပြုနိုင်ပါတယ်။
အခု Bullet များ ထည့်သွင်းရန်အတွက် New Document တစ်ခုကို ရယူ၍ အောက်ပါအတိုင်း စာသားများ ရိုက်ထည့်လိုက်ပါ။
ပြီးနောက် Tool Bar ပေါ်ရှိ Bullet Icon လေးကို Click နှိပ်လိုက်ပါ။
ဒါဆိုရင် သင့်ရဲ့စာသားများဘေးမှာ Bullet များ ဝင်သွားတာကို တွေ့မြင်ရပါလိမ့်မယ်။
သူ့အောက်မှာကတော့ နံပတ်စဉ်အနေဖြင့် အသုံးပြုတဲ့ Number စနစ် ရှိပါတယ်။ နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီလို Bullet တွေကို နဂိုရှိနေတဲ့ ပုံစံအတိုင်းမဟုတ်ပဲ အခြားပုံစံများအနေဖြင့် ရယူလိုချင်တယ်ဆိုရင်တော့ ညာဖက် Tool bar ရှိ Down Arrow လေးကို နှိပ်လိုက်ပါ။ ပြီးနောက် Bullet and Number ကို ရွေးလိုက်ပါ။
ဒါဆိုရင် Bullet and Numbering များကို စိတ်ကြိုက်အသုံးပြုနိုင်တဲ့ Options ကို တွေ့ရပါလိမ့်မယ်။
ဆက်လက်ပြီး Add ကို နှိပ်လိုက်ပါ။
နှစ်သက်ရာ Bullet ပုံစံအသစ်တစ်ခုကို ရွေးလိုက်ပါ။ ပြီးနောက် OK နှိပ်လိုက်ပါ။ အခုဆိုရင်တော့ သင့်ရဲ့ Bullet အတွင်း နောက်ထပ် Bullet ပုံစံအသစ်တစ်ခုကို တွေ့မြင်ရပြီ ဖြစ်ပါတယ်။