CCleaner အသုံးပြုနည်း (3)

Written by S.N.O Published in 01 Jul 2014

Internet Applications များရှိ Cookies နှင့် History ကို ရှင်းလင်းခြင်း

ယခု ဆက်လက်ပြီး ရှင်းလင်းရမည့် အပိုင်းကတော့ အင်တာနက်အသုံးပြုရင်း ကျန်ရစ်ခဲ့တဲ့ Cookies , History , Cache , များကို ရှင်းလင်းရေးရမှာ ဖြစ်ပါတယ်။ Applications ကို နှိပ်လိုက်ပါမယ်။ ပြီးနောက် အရင်လိုပဲ Analyze ပြုလုပ်ပြီးနောက် Run Cleaner ကို နှိပ်ကာ ရှင်းလင်းပေးနိုင်ပါတယ်။

 

Fig (6)

 

Registry ကို ရှင်းလင်းခြင်း

CCleaner ဟာ ကွန်ပျူတာအတွင်းမှာ ရှုပ်ပွနေတဲ့ Registry File များကိုလည်း စနစ်တစ်ကျ ပြန်လည်ဖြစ်လာအောင် ရှင်းလင်းပေးနိုင်ပါတယ်။ Registry ကို ရှင်းလင်းပေးရန်အတွက် CCleaner ရဲ့ Registry ထဲကို ၀င်ရောက်လိုက်ပါ။

 

Fig (7)

ပြီးနောက် အောက်ဖက်မှာရှိတဲ့ Scan for Issues ကို နှိပ်လိုက်ပါ။ ဒါဟာ ကွန်ပျူတာအတွင်းမှာရှိတဲ့ Registry File တွေကို Scan ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ဒီလို Scan ပြုလုပ်ရင်း သင့်ကွန်ပျူတာအတွင်းရှိ ရှု့ပ်ပွလေးလံနေတဲ့ Registry File တွေ၊ Registry Error တွေကိုပါ တစ်ခါတည်း အပြီးပိုင် ရှင်းလင်းပေးမှာ ဖြစ်ပါတယ်။

 

Fig (8)

အပေါ်က ပုံကတော့ Registry ကို Scan ပြုလုပ်နေတဲ့ပုံ ဖြစ်ပါတယ်။ ဒီလို Registry တွေကို Scan ပြုလုပ်ပြီးရင်တော့ Fix Selected Issues .... ဆိုတာကို နှိပ်လိုက်ပါ။ ဒါဟာ Registry အတွင်းမှာရှိတဲ့ Error တွေကို Fix ပြန်လုပ်ပေးရန်အတွက် ဖြစ်ပါတယ်။

ဒါဆိုရင် CCleaner ဟာ သင့်ကွန်ပျူတာအတွင်းရှိ Registry ကို Back up ပြုလုပ်ကာ သိမ်းဆည်းမလားလို့မေးတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် backup ပြုလုပ်ရန် မလိုပါဘူး။ ဒါကြောင့် No ကိုပဲ ရွေးပေးလိုက်ပါတယ်။

 

Fig (9)

ပြီးနောက် Fix All Selected Issues ကိုပဲ ဆက်လက်ရွေးချယ်ပေးလိုက်ပါ။

 

Fig (10)

အခု ကွန်ပျူတာအတွင်းမှာရှိတဲ့ Registry Error တွေ အားလုံးကို ရှင်းလင်းပေးပြီးသွားပြီ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ Registry ကို ရှင်းလင်းရာမှာ သင့်ကွန်ပျူတာကို Restart ပြုလုပ်ပေးရန် လိုပါတယ်။ ဒါကြောင့် Registry ကို ရှင်းလင်းရာမှာ သင့်ကွန်ပျူတာအတွင်းရှိ Application တွေအားလုံးကို ပိတ်ထားရန် ၊ မသိမ်းဆည်းရသေးသော Data များကို သိမ်းဆည်းထားရန် လိုအပ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.