CD Auto Play ကို Disable ပြုလုပ်ခြင်း

Written by S.N.O Published in 08 Sep 2014

      သာမန်ကွန်ပျူတာတစ်လုံးမှာဆိုရင် CD / DVD Drive အတွင်း CD အခွေတစ်ခွေ ထည့်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း Windows Media Player မှ ၎င်း Audio CD အား တန်းပြီး Play လုပ်ပေးပါတယ်။ ဒီလိုမျိုး Play လုပ်ပေးတဲ့ Function ကို ဖျောက်ထားချင်တယ်ဆိုရင်တော့ Auto Play မှာ ဝင်ပြီး ပြင်ထားလို့ ရပါတယ်။

တစ်ခါတစ်ရံ Software CD များ ထည့်သွင်းလိုက်တာနဲ့ အလိုအလျှောက်ပွင့်လာတဲ့ Feature များကိုလည်း Disable ပြုလုပ်ထားလို့ ရပါတယ်။ Auto Play ဟာ အထိုက်အလျှောက် ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပေမယ့် တစ်ခါတစ်ရံ Auto Play ကြောင့် ကွန်ပျူတာအတွင်း CD , DVD အခွေနှင့်အတူ ပါဝင်လာသော Virus များ ဝင်ရောက်သွားနိုင်ပါတယ်။

အခု Auto Play ကို Disable ပြုလုပ်ပုံကို သင်ကြားပေးပါမယ်။ ပထမဆုံး Control Panel ကို ဝင်လိုက်ပါ။ ပြီးနောက် Hardware and Sound ကို နှိပ်လိုက်ပါ။

 


ပြီးရင်  AutoPlay ကို ဆက်လက်ရွေးချယ်လိုက်ပါ။ 

 

 

ပြီးနောက် Audio CD ဆိုသည့် ဘေးနားအကွက်ရှိ Play audio CD using Windows Media Player ဆိုသည့် နေရာလေးမှာ Down Arrow ကို နှိပ်လိုက်ပါ။

 

 

Take no Action ကို ရွေးပေးလိုက်မယ်ဆိုရင်တော့ CD အခွေထည့်လိုက်လည်း Windows ဟာ Auto Play လုပ်ပေးတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ Ask me every time ကို ရွေးလိုက်မယ်ဆိုရင်တော့ CD အခွေထည့်လိုက်လျှင် Play လုပ်မှာလား Copy လုပ်မှာလား ပုံမှန် Explore လုပ်မှာလားဆိုတာကို မေးမြန်းမှာ ဖြစ်ပါတယ်။

ဒီတော့ သင်ပြုလုပ်ချင်တဲ့ Function ကို ရွေးချယ်ပေးနိုင်ပါတယ်။ ဒါကြောင့် Ask me every time ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် CD အခွေတစ်ခွေ ထည့်လိုက်တိုင်း Windows မှ ဘာလုပ်မှာလဲဆိုတာကို မေးမြန်းပါလိမ့်မယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.