Character Map ကို အသုံးပြုခြင်း
Character Map ကတော့ Windows Operating System တွင် တွဲဖက်ပါဝင်လာသော Utility တစ်ခုဖြစ်ပြီး စာလုံးပုံစံများကို ရှာဖွေ အသုံးပြုရန် အထူးသဖြင့် Word Character များကို ရှာဖွေပေးရန် ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့် သင်ဟာ Time New Roman ရဲ့ Æ ဆိုသည့် Character ကို လိုချင်တယ်ဆိုပါစို့ ၊ ဒါဆိုရင် Keyboard မှာ ရှာဖွေဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အဲဒီလိုမျိုး Character တွေကို Character map မှာ သွားရှာမှသာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Fig (1)
တကယ်လို့ Time New Norman မဟုတ်ပဲ အခြား Font များကို အသုံးပြုချင်တယ်ဆိုရင်တော့ Font Drop Down List ကို နှိပ်ပြီး အခြား နှစ်သက်ရာ Font များကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
တကယ်လို့ သင့်အနေဖြင့် အသုံးပြုလိုတဲ့ Character တစ်ခုခုကို တွေ့ပြီဆိုရင်တော့ Select ကို နှိပ်လိုက်ပါ။ ပြီးနောက် Copy ကိုနှိပ်ပြီး Copy ကူးယူလိုက်ပါ။ <။p>
ဒီလိုမျိုး Copy ကူးထားတဲ့ Character တစ်ခုကို အသုံးပြုလိုသည့် Notepad , MS Word , အစရှိသည့် နှစ်သက်ရာ Program များအတွင်း (Ctrl + V ) Paste လုပ်ကာ ထည့်သွင်း အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။