Cloud ကို အသုံးပြုရခြင်းမှာ

Written by S.N.O Published in 22 Sep 2014

Cloud စနစ်ကို အသုံးပြုရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ Data များ ပျောက်ဆုံးခြင်းမှ ကာကွယ်ရန်နှင့် မည်သည့်နေရာဒေသမှမဆို ၊ မည်သည့်ကွန်ပျူတာမှမဆို သင့်ရဲ့ Personal Data များကို ပြန်လည်ရယူအသုံးပြုနိုင်ရန် ရည်ရွယ်ထားပါတယ်။

        ထို့ပြင် Cloud စနစ်ရဲ့ ယုံကြည်စိတ်ချရခြင်းနှင့် Convenience ဖြစ်ခြင်းတို့ကြောင့်လည်း တစ်နေ့တစ်ခြား Cloud ကို အသုံးပြုသူ User အရေအတွက်ကို ပိုမိုများပြားလာစေပါတယ်။

 

 

        ယခင်တုန်းကတော့ လူတစ်ယောက်ရဲ့ Personal Data များကို USB Flash Drive , External Hard Drive , CD , DVD များနှင့် သိမ်းဆည်းကာ သွားလေရာ ယူဆောင်သွားလေ့ရှိပါတယ်။ ယခုနောက်ပိုင်းမှာတော့ Cloud စနစ်ကို ပြောင်းလဲအသုံးပြုခြင်းအားဖြင့် သင့်ရဲ့ data များကို အခြား အရပ်ဒေသ မည်သည့်ကွန်ပျူတာမှာမဆို ပြန်လည်ရယူ အသုံးပြုနိုင်သွားပြီ ဖြစ်ပါတယ်။

        ဒါပေမယ့် Cloud စနစ်မှာ အင်တာနက်ချိတ်ဆက်မှု အားကောင်းရန် လိုအပ်ပါတယ်။ ထို့ပြင် အဓိကအားနည်းချက်ကတော့ အင်တာနက်ချိတ်ဆက်မှု ၊ ဆက်သွယ်မှု နှေးကွေးသော အရပ်ဒေသများမှာ အသုံးပြုရန် အဆင်မပြေတာကို တွေ့ရပါတယ်။

 

 

Cloud စနစ်ရဲ့ နောက်ထပ်အားသာချက်ကတော့ Storage ပမာဏများပြားလွန်းသော File , Program , Folder များကို Cloud ပေါ်တွင် သိမ်းဆည်းကာ သင့်ရဲ့သူငယ်ချင်း ၊ မိတ်ဆွေများဆီသို့ အလွယ်တကူ Share ပြုလုပ်နိုင်ပါတယ်။

        ဒီလို File များ မျှဝေအသုံးပြုရာတွင် လူကြိုက်များနာမည်ကြီးတဲ့ Cloud Program တစ်ခုကတော့ MozyHome ပဲ ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.