Cloud Computing ဆိုတာ ...

Written by S.N.O Published in 20 Sep 2014

        Cloud Computing ကို နောက်တစ်နည်းအနေဖြင့် Cloud Storage လို့လည်း ခေါ်ဆိုကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ Cloud လို့လည်း အလွယ်ခေါ်ဆိုလေ့ရှိပါတယ်။ Cloud ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဟာ အင်တာနက်ကို ရည်ညွှန်းထားသော စကားလုံးတစ်ရပ် ဖြစ်ပါတယ်။

တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင်တော့ အင်တာနက်ပေါ်ရှိ ပုဂ္ဂိုလ်ရေးရာအချက်အလက် Document များ သိမ်းဆည်းရာနေရာကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

         ဒါကြောင့် Cloud စနစ်မှာ အင်တာနက် အခြေပြုပြီး ဆာဗာအတွင်း Data များကို သိမ်းဆည်းသော စနစ်တစ်ရပ်ပင် ဖြစ်ပါသည်။

 

 

        Cloud Computing စနစ်တွင် လူတစ်ယောက် နေ့စဉ်အသုံးပြုလျက်ရှိသော Email , File , Document , Calendar များစွာသော အချက်အလက်များ ပါဝင်ပါတယ်။ ဒီလိုမျိုး Cloud စနစ်ကို အသုံးပြု၍ သိမ်းဆည်းခြင်းအားဖြင့် အင်တာနက်ချိတ်ဆက်မှုရရှိသော မည်သည့်နေရာဒေသမှမဆို သင် Cloud ပေါ်မှာ သိမ်းဆည်းထားသော File , Data နှင့် အချက်အလက်များစွာကို အလွယ်တကူ ပြန်လည်အသုံးပြုနိုင်ပါတယ်။

        သင့်အနေဖြင့် Web Based Email ကို အသုံးပြုမယ်ဆိုရင်တော့ Cloud စနစ်ဟာ သင့် email ရဲ့ inbox အတွင်းရှိ စာများအားလုံးကို Cloud ပေါ်ရှိ Server အတွင်း ထည့်သွင်း သိမ်းဆည်းပေးထားပါတယ်။

        Cloud နဲ့ ပတ်သက်ပြီး နာမည်အကြီးဆုံး ဆားဗစ်ကုမ္ပဏီတစ်ခုကတော့ Dropbox ဖြစ်ပါတယ်။ Dropbox ဟာ Cloud Service လုပ်ငန်းများ လုပ်ဆောင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး လူတစ်ယောက်မှ အခြားလူတစ်ယောက်သို့ Personal Data များ ၊ File များကို Cloud ကို အသုံးပြုကာ မျှဝေပေးနိုင်ရန် ဆောင်ရွက်ထားသော လုပ်ငန်း ဖြစ်ပါတယ်။

         ထို့ပြင် Cloud ပေါ်ရှိ Data များအား ကွန်ပျူတာတင်မကပဲ မိုဘိုင်းဖုန်းများ ၊ table များမှလည်း ပြန်လည် Restore ပြုလုပ်ကာ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားပါတယ်။

        Evernote ကတော့ စာသားဖိုင်များ ၊ ဝဘ်စာမျက်နှာများ ၊ ဓါတ်ပုံများကို Cloud ပေါ်တွင် သိမ်းဆည်းထားနိုင်အောင် ပြုလုပ်ဆောင်ရွက်ပေးထားသော ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

         Cloud နဲ့ ပတ်သက်ပြီး အခြားလူသုံးများတာတွေကတော့ Mozy , Carbonite စတာတွေဖြစ်ပြီး ၎င်းဆားဗစ်လုပ်ငန်းများဟာလည်း ကွန်ပျူတာအတွင်းရှိ Data များကို Backup ပြုလုပ်ကာ သိမ်းဆည်းပေးသော ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါတယ်။ ဒီလို Cloud ကို အသုံးပြုခြင်းအားဖြင့် ကွန်ပျူတာပျက်ဆီးမှု ၊ ပျောက်ဆုံးမှုများ မှတဆင့် Data များ ပျောက်ဆုံးသွားခြင်းမရှိအောင် ကာကွယ်ထားနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.