CMD မှ USB Drive ကို Format ချခြင်း

Written by S.N.O Published in 15 Aug 2014

USB Pen Drive တွေကို အသုံးပြုရာမှာ တစ်ခါတစ်ရံ သာမန် Format ချလို့ မရတာမျိုးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။

ဒီလိုမျိုးပြဿနာတွေ ကြုံမယ်ဆိုရင် ဒီ USB Pen Drive ကို Command Promt ကနေပြီးတော့ Format ချကြည့်ရင် အဆင်ပြေတာကို တွေ့ရပါတယ်။

အရင်ဆုံး Format ချမည့် USB Drive တစ်ခုကို ကွန်ပျူတာမှာ တပ်ပါ။ ပြီးနောက် Run ကိုခေါ်ပြီး cmd လို့ရိုက်ထည့်ပြီး OK ကို နှိပ်လိုက်ပါ။

 

 

ဒါဆိုရင် Command Promt ထဲကို ရောက်သွားတာကို တွေ့ရပါလိမ့်မယ်။ ပြီးနောက် USB Drive ရဲ့ Drive Letter အမည်ကို ကြည့်ပါ။ ဥပမာ Drive E လား Drive F လားဆိုတာကို သေချာအောင် ကြည့်လိုက်ပါ။

 

 

အခု USB Drive ဟာ Drive G မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီတော့ Format G: ဆိုပြီး ရိုက်ထည့်လိုက်ပါ။ အောက်ကပုံအတိုင်း ဖြစ်ပါတယ်။ Enter နှိပ်လိုက်ပါ။

 

 

ဒါဆိုရင် Drive G: ကိုစတင်ပြီး Format ပြုလုပ်နေပြီ ဖြစ်ပါတယ်။ Drive ရဲ့ Storage ပမာဏအလျှောက် အနည်းငယ် ကြာမြင့်ပါတယ်။

သာမန် Windows မှ Format ချတာနဲ့ CMD က Format ချတာဟာ အတူတူပါပဲ။ ဒါပေမယ့် CMD က Format ချတာဟာ Error နည်းပါးပါတယ်။ နည်းနည်းကြာပေမယ့် ပိုမိုကောင်းမွန်ပါတယ်။

 

 

အထက်ပါနည်းလမ်းဟာ FAT 32 နဲ့ Format ချတာပါ။ ပုံမှန်အားဖြင့် USB Drive တွေ အတော်များများဟာ FAT 32 တွေ ဖြစ်နေတာ များပါတယ်။

တကယ်လို့ NTFS နဲ့ Format ရိုက်ထားတဲ့ Drive တစ်ခုကို FAT 32 နဲ့ Format ပြန်ရိုက်ချင်တယ်ဆိုရင်တော့ Foramt F:/FS: FAT 32 လို့ ထည့်ပေးလိုက်ပါ။  ဒါဆိုရင်တော့ FAT 32 နဲ့ Format ပြောင်းလဲချပေးမှာ ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.