CMD Tip (Restart and Log OffComputer via Command Prompt)
သင့်ကွန်ပျူတာကို ပုံမှန် Restart ပြုလုပ်ခြင်းအပြင် CMD မှ Restart ပြုလုပ်ချင်းကို လေ့လာကြည့်ရအောင်။
အရင်ဦးဆုံး Window + R ကို နှိပ်ပြီး cmd လို့ ရိုက်ထည့်လိုက်ပါ။
Command Prompt မှတဆင့် Restart လုပ်ချင်တယ်ဆိုရင်တော့ shutdown -r ဆိုပြီး ရိုက်ထည့်လိုက်ပါ။ သင့်ကွန်ပျူတာဟာ မကြာခင် Restart ကျသွားပါလိမ့်မယ်။
Log Off လုပ်ချင်တယ်ဆိုရင်တော့ shutdown -l လို့ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထူးခြားချက်တစ်ခုကို ပြောပါမယ်။ အဲဒါကတော့ Command တွေ အားလုံးနီးပါးဟာ shutdown ဆိုသည့် Command နောက်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
ဒီတော့ သင့်အနေဖြင့် Shutdown (s) , Restart (r) Log Off (l) ဆိုပြီး အလွယ်တကူ မှတ်သားထားနိုင်ပါတယ်။
ကွန်ယက်အတွင်းရှိ ကွန်ပျူတာများ (သို့မဟုတ်) Remote ကွန်ပျူတာအနေဖြင့် အဝေးမှ လှမ်းပိတ်ချင်တယ်ဆိုရင်တော့ shutdown -s -m \\ computer name ကို ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် သင် Remote လုပ်ထားတဲ့ ကွန်ပျူတာ ပိတ်သွားမှာ ဖြစ်ပါတယ်။
တကယ်လို့ Shutdown ပြုလုပ်ရာမှာ အချိန်နှင့် တိကျစွာဆောင်ရွက်လိုလျှင်တော့ shutdown -s -t 60 လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် သင့်ကွန်ပျူတာဟာ 60 စက္ကန့်အတွင်း ပိတ်သွားမှာ ဖြစ်ပါတယ်။