CMD Tip (Shutdown Computer via Command Prompt)
ဒီသင်ခန်းစာလေးကတော့ ကွန်ပျူတာကို ပိတ်ခြင်း ၊ Restart ချခြင်း ၊ lock လုပ်ခြင်းများကို သာမန်ရိုးရိုးပြုလုပ်ခြင်း မဟုတ်ပဲ CMD (Command Prompt) မှ ပြုလုပ်နိုင်ရင် သင်ကြားပေးသည့် သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။
ကွန်ပျူတာ ပိတ်ခြင်း ၊ Restart ချခြင်းများ အပြင် ကွန်ယက်အတွင်းရှိ အခြားသော ကွန်ပျူတာများကိုပါ CMD မှ Command line ကို အသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်။
ဒီနည်းလမ်းလေးတွေဟာ လွယ်ကူပြီး အလွန်ထိရောက်မှုရှိစေသည့် နည်းလမ်းလေးများ ဖြစ်တာကြောင့် ကျက်မှတ်ထားသင့်ပါတယ်။ ပုံမှန် ကွန်ပျူတာကို GUI Mode မှ အသုံးပြုခြင်းအတွက်ကတော့ သိပ်ပြီး ပြဿနာမရှိပေမယ့် Window ကို Command Prompt မှ အသုံးပြုခြင်းအတွက်ကတော့ ဒီ Command များကို သိရှိနားလည် ထားရမှာ ဖြစ်ပါတယ်။
အခု Window + R ကို နှိပ်ပြီး cmd လို့ရိုက်ထည့်လိုက်ပါ။
ဆက်လက်ပြီး shutdown -s လို့ ရိုက်ထည့်လိုက်ပါ။ Shutdown ဆိုသည့်စာလုံးနှင့် (-) ဆိုသည့်စာလုံးကြားမှာ Space တစ်ခုပါဝင်တာကို သတိထားပါ။
ဒါဆိုရင် အောက်ပါအတိုင်း သင့်ကွန်ပျူတာဟာ မကြာမီပိတ်တော့မှာ ဖြစ်ကြောင်း သတိပေးပြောကြားပါလိမ့်မယ်။
သင့်အနေဖြင့် ပိတ်သင့်သော Program များ ၊ Save လုပ်သင့်သော Program များကို Save လုပ်ထားပါ။ ပြီးနောက် သင့်ကွန်ပျူတာ ပိတ်သွားမှာ ဖြစ်ပါတယ်။ အထူးသတိပေးချင်တာကတော့ ဒီသင်ခန်းစာကို စမ်းသပ်မယ်ဆိုရင် သင့်ရဲ့ အရေးကြီးတဲ့ Data များကို အရင်သိမ်းဆည်းထားပါ။