Command Line ကို အသုံးပြုပြီး File များအား အမည်ပြောင်းလဲခြင်း

Written by S.N.O Published in 15 Sep 2014

ဒီသင်ခန်းစာကတော့ File အမည်များကို Command Line မှတဆင့် အမည်များပြောင်းလဲနိုင်အောင် ရှင်းပြပေးမည့် သင်ခန်းစာတစ်ရပ် ဖြစ်ပါတယ်။

ယခင် Command Line မှ File များ ကော်ပီကူးယူခြင်းကို ကျွမ်းကျင်သွားပြီဆိုရင် နောက်တစ်ဆင့်အနေဖြင့် Command Line မှ File များကို Rename ပြုလုပ်ပုံကို ဆက်လက်လေ့လာကြည့်ရအောင်။

အခု Command Line ကို ဝင်ရန်အတွက် Windows+ R ကို နှိပ်ကာ Run ကို ခေါ်လိုက်ပါ။ ပြီးနောက် cmd လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Command Prompt ကျလာပါလိမ့်မယ်။

 

 

အခု Data D အောက်မှာရှိတဲ့ Text.pdf ဆိုသည့် File လေးအား နာမည်ပြောင်းလဲပေးပါမယ်။

 

 

Text ဆိုတာဟာ File Name ဖြစ်ပြီး .pdf ကတော့ သူ့ရဲ့ PDF File ဖြစ်ကြောင်းဖော်ပြတဲ့ Extension ဖြစ်ပါတယ်။ အခု Command Line မှာ ren D:\Text.pdf Sample.pdf ဆိုပြီး ရိုက်ထည့်လိုက်ပါမယ်။

 

 

ren ဟာ Rename ပြုလုပ်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ D:\Text.pdf ကတော့ D: အောက်ထဲမှာရှိတဲ့ Text လို့ခေါ်တဲ့ pdf File ကို ပြောတာပါ။

 

 

Sample.pdf လို့ ရိုက်ထည့်လိုက်ခြင်းအားဖြင့် ၎င်း PDF File အား Sample လို့ အမည်ပြောင်းလဲပေးလိုက်မှာ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.