Command Line ကို အသုံးပြုပြီး File များ နေရာရွေ့ခြင်း

Written by S.N.O Published in 10 Sep 2014

      ကွန်ပျူတာအတွင်းရှိ နှစ်သက်ရာ File များကို Command Line မှတဆင့် အခြားနေရာတစ်ခုသို့ ရွေ့ပြောင်းပေးနိုင်ပါတယ်။ သာမန်အားဖြင့် Cut လုပ်ပြီး နေရာရွေ့သကဲ့သို့ ဖြစ်ပါတယ်။ ဒါပေမယ့် အခုသင်ခန်းစာမှာတော့ Cut လုပ်ပြီး File များ နေရာရွေ့ပြောင်းခြင်းကို Command Line ကို အသုံးပြုပြီး လုပ်ဆောင်ပါမယ်။ Command Line မှ အသုံးပြုရာမှာ File တစ်ဖိုင်ကို တစ်နေရာရာ ရွေ့ရန်အတွက် ၎င်းရဲ့ Extension ကိုပါ သိထားရန် လိုအပ်ပါတယ်။

Command Line မှ အသုံးပြုရာမှာ File တစ်ဖိုင်ကို တစ်နေရာရာ ရွေ့ရန်အတွက် ၎င်းရဲ့ Extension ကိုပါ သိထားရန် လိုအပ်ပါတယ်။ ဥပမာ သင်ဟာ ဓါတ်ပုံဖိုင်ကို နေရာရွေ့ချင်တယ်ဆိုရင် ၎င်းဓါတ်ပုံဖိုင်ရဲ့ Extension ဖြစ်တဲ့ .jpeg , .png စသည်ဖြင့် သိရှိနေရန် လိုအပ်ပါတယ်။

     နောက်တစ်ချက်ကတော့ Folder အမည် သို့မဟုတ် File အမည်ကိုလည်း မှန်ကန်စွာ ရိုက်ထည့်နိုင်ရန် လိုအပ်ပါတယ်။ Command Line မှာ အသုံးပြုရာမှာ အလွန်တိကျတဲ့အတွက်ကြောင့် Command တစ်ခု နည်းနည်းလေး မှားလိုက်တာနဲ့ ၎င်း Command ဟာ အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။

 အခု Run မှ cmd လို့ ရိုက်ထည့်ပြီး Command Prompt ကို ဖွင့်လိုက်ပါ။



Drive E: အောက်ထဲမှ notepad လို့ အမည်ပေးထားတဲ့ Text File တစ်ခုကို Drive D: အတွင်းသို့ နေရာရွေ့ပေးပါမယ်။ ဒီတော့ move E:\notepad.txt D:\notepad.txt လို့ ရိုက်ထည့်လိုက်ပါမယ်။



1 File Moved လို့ ပြန်ပေါ်လာတဲ့အတွက်ကြောင့် ကျွန်တော်တို့ရိုက်ထည့်လိုက်တဲ့ command မှန်ကန်ပါတယ်။ ၎င်း Notepad ကို D အတွင်းသို့ ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။ ဒီ Command မှာ E: ထဲက File ကို ရွေ့ချင်တာ ဖြစ်တဲ့အတွက်ကြောင့် E:\ လို့ ရိုက်ထည့်ရတာ ဖြစ်ပါတယ်။

notepad ဆိုတာကတော့ File နာမည်ဖြစ်ပြီး .tex ဆိုတာကတော့ သူ့ရဲ့ Extension ဖြစ်ပါတယ်။ D:\ ကတော့ ရွှေ့ပြောင်းရယူမည့်နေရာ ဖြစ်ပါတယ်။ ဒီနည်းလမ်းအတိုင်း အခြားလိုအပ်သော File များကိုလည်း move လုပ်ကာ နေရာရွှေ့ပြောင်းနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.