Command Line မှ File များ ကူးယူခြင်း
Microsoft Windows Operating System တွင်ပါဝင်သော Command Line ဟာ ကွန်ပျူတာအတွင်းရှိ GUI မှ ပြုလုပ်၍ရသော Function အတော်များများကို လုပ်ဆောင်နိုင်ပါတယ်။ အချို့သော ကွန်ပျူတာပြဿနာများကိုတော့ ဒီ Command Line မှသာ ဖြေရှင်းပေးနိုင်ပါတယ်။ အခု Command Line မှတဆင့် ကွန်ပျူတာအတွင်းရှိ File , Folder များကို ကော်ပီကူးယူပါမယ်။
Command Line မှ ကော်ပီကူးယူခြင်းကို XCopy လို့ခေါ်ဆိုပါတယ်။ သာမန် Copy ကူးယူခြင်းထက်တော့ အနည်းငယ် ခက်ခဲပါတယ်။ ဒါပေမယ့် လေ့ကျင့်ပါများရင် လွယ်သွားပါလိမ့်မယ်။ အခု C : အောက်မှာ Temp ဆိုသည့် Folder တစ်ခု ရှိနေပါတယ်။ အဲဒီ Folder ကို Temp2 ဆိုသည့် Folder အောက်ကို ကော်ပီကူးယူပါမယ်။
RUN > cmd ကို ရိုက်ထည့်ပြီး Command Line ကို ခေါ်လိုက်ပါ။
ပြီးနောက် အောက်ပါ Command ကို ရိုက်ထည့်လိုက်ပါ။ C:\> XCOPY C:\Temp\Barry C:\Temp2/E ဆိုပြီး ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
C:\Temp\ Barry ဆိုသည့် Folder အောက်ထဲမှာရှိတဲ့ File တွေအားလုံးကို C:\Temp2 အောက်ထဲကို ကော်ပီကူးထည့်ပေးသွားမှာ ဖြစ်ပါတယ်။ /e ဆိုတာကတော့ Switches လုပ်မယ်ဆိုတဲ့ Command တစ်ခု ဖြစ်ပါတယ်။
တကယ်လို့ File တွေရှိနေတယ်ဆိုရင်တော့ overwrite လုပ်မှာလားဆိုတာကို မေးပါလိမ့်မယ်။
Y ကိုနှိပ်လိုက်တာနှင့် Yes လို့ ပြောလိုက်တာဖြစ်တဲ့အတွက်ကြောင့် File များအားလုံးကို Overwrite လုပ်ပေးမှာ ဖြစ်ပါတယ်။