Command Line မှ File များ ကူးယူခြင်း (၂)
အခု ဒုတိယအပိုင်းအနေဖြင့် Command Line မှ File , Folder များကို ကော်ပီကူးယူခြင်းကို ဆက်လက် လေ့လာကြည့်ပါမယ်။ ဒီတစ်ခါတော့ Drive Letter မတူညီတဲ့ Storage များအတွင်း File များ ဖလှယ်ပြီး ကော်ပီကူးယူပါမယ်။
Command Line ရဲ့ အဓိက အားနည်းချက်ကတော့ File ရဲ့ Extension များကို သိရှိထားရန် လိုအပ်ပါတယ်။ ဒါမှသာ Command များနဲ့ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
RUN > cmd ကို ရိုက်ထည့်ပြီး Command Line ကို ခေါ်လိုက်ပါ။
ပြီးနောက် D: ထဲမှ sample လို့ အမည်ပေးထားတဲ့ text ဖိုင်တစ်ဖိုင်ကို E: ထဲကို ကော်ပီကူးယူပါမယ်။ ဒီတစ်ခါ အသုံးပြုမည့် Command ကတော့ XCopy မဟုတ်ပါဘူး ။ ရိုးရိုး copy ဖြစ်ပါတယ်။ XCopy ကတော့ Folder တစ်ခုရဲ့ အောက်ထဲမှာရှိတဲ့ File တွေကို ကူးယူရာတွင် အသုံးပြုသည့် Command ဖြစ်ပါတယ်။
အခု D:\>copy D:\sample.txt E:\sample.txt လို့ ရိုက်ထည့်လိုက်ပါမယ်။ ပြီးနောက် Enter ခေါက်လိုက်ပါမယ်။
1 Files (c) Copied လို့ ပြန်လည်ဖော်ပြတဲ့ အတွက်ကြောင့် ဒီဖိုင်ကို အောင်မြင်စွာ ကော်ပီ ကူးယူပြီးသွားပြီ ဖြစ်ပါတယ်။
နောက်ထပ် အခြား File တစ်ခုကို ထပ်မံ ကော်ပီကူးယူပြပါမယ်။ ဒီတစ်ခါ ကော်ပီကူးယူမည့် File ကတော့ .pdf လို့ ခေါ်တဲ့ စာအုပ် PDF File ပါ။ အောက်ပါ နမူနာအတိုင်း Command များကို ရိုက်ထည့်ပြီး ကော်ပီ ကူးယူကြည့်ပါမယ်။
1 file copied လို့ ပြောတဲ့အတွက်ကြောင့် ကူးယူလိုက်တဲ့ File ဟာ E: ထဲကို အောင်မြင်စွာ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ တကယ်လို့ File အရေအတွက် တစ်ခုထက် ပိုပါက C : \ T e m p > C O P Y T e x t 1 . t x t + T e x t 2 . t x t + T e x t 3 . t x t T e x t A l l . t x t အတိုင်း ( + )များ ခံကာ ရိုက်ထည့်သွားလို့ ရပါတယ်။