Command Prompt ရဲ့ Font Size ကို ပြင်ဆင်ခြင်း
Windows ရဲ့ အဓိက Feature တစ်ခုဖြစ်တဲ့ Command Prompt ရဲ့ Font အရွယ်အစားကို သင်နှစ်သက်ရာ အရွယ်အစားအတိုင်း ပြင်ဆင်အသုံးပြုနိုင်ပါတယ်။ သာမန်အားဖြင့် Command Prompt မှာ ပေါ်နေတဲ့ Font အရွယ်အစားများဟာ အနည်းငယ်သေးပါတယ်။
ဒါကြောင့် Command Prompt မှာ ပေါ်နေတဲ့ Font အရွယ်အစားများကို ပိုမိုထင်ရှားစွာ မြင်နိုင်ရန်အတွက် Font Size ကိုကြီးအောင် ပြုလုပ်ပါမယ်။ ဒီတော့ Start menu ထဲမှ Run ကို ရွေးလိုက်ပြီး ပေါ်လာတဲ့ကွက်မှာ cmd လို့ ရိုက်ထည့်လိုက်ပါ။
ဒါဆိုရင် Command Prompt ထဲကို ရောက်သွားပါလိမ့်မယ်။ Command Prompt Window ရဲ့ အပေါ်နားမှာ Right Click နှိပ်လိုက်ပါ။
ဒါဆိုရင် Command Prompt ရဲ့ Properties ကျလာပါလိမ့်မယ်။ Size ရဲ့ အောက်မှာ 12 x 16 ကို ပြောင်းလဲရွေးချယ်လိုက်ပါ။ ပြီးနောက် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Command Prompt ရဲ့ Font အရွယ်အစား ကြီးလာတာကို တွေ့ရပါလိမ့်မယ်။