Computer (Data & Information)
Data ဆိုတာကို အလွယ်ဆုံး ပြောရမယ်ဆိုရင်တော့ လုပ်ဆောင်ချက်တွေ၊ ဆောင်ရွက်ချက်တွေကို ပြောတာပါ။ Data တွေမှာ ဘာတွေပါသလဲဆိုတော့ ကျွန်တော်တို့ Keyboard , Mouse တွေကို အသုံးပြုပြီး ခိုင်းစေတဲ့ Instruction ညွှန်ကြားချက်တွေ ပါဝင်ပါတယ်။
ဥပမာအားဖြင့် ကျွန်တော်တို့ဟာ Keyboard မှ A ဆိုတဲ့ စကားလုံးတစ်လုံးကို ရိုက်နှိပ်လိုက်တယ် ။ ဒါကို ကွန်ပျူတာက A ဆိုတာကို ပြန်လည်ဖော်ပြတယ် ။ ဒါဟာ Data ဆက်သွယ်ချက် တစ်ရပ်ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ ညွှန်ကြားခိုင်းစေချက်တွေ အားလုံးကို ခြုံငုံပြီး Data input လို့ သတ်မှတ်နိုင်ပါတယ်။ ဥပမာအားဖြင့် (A-Z ,a-z) အစရှိသည့် စကားလုံးများ, နံပါတ်များ (0-9) နှင့် အခြားသော special characters များ (+,- ,/,*,<,>,= etc) ဒါတွေအားလုံးဟာ Data input တွေ ဖြစ်ပါတယ်။
Information
Information ဆိုတာဟာ Data တွေကို ပိုပြီးတော့ Classified ပြုလုပ်ထားတာကို ပြောတာပါ။ ဒီလို information တွေမှာ Receiver ကွန်ပျူတာအတွက် ပိုမိုပြီး အဓိပ္ပါယ်ရှိတဲ့ သတင်းအချက်အလက်တွေ၊ တိကျသေချာတဲ့ လုပ်ဆောင်ချက်တွေကို ဆိုလိုပါတယ်။
တစ်နည်းအားဖြင့် Information ဆိုတာဟာ Data Processed အားလုံးကို ပြောတာပါ။ Infromation တွေကို ထုတ်လုပ်ပေးရာမှာ အောက်ပါအချက်အလက် သုံးမျိုးကို အခြေခံပြီး ကွန်ပျူတာမှ output display အနေဖြင့် ပြန်လည်ဖော်ပြပေးပါတယ်။ အဲဒါတွေကတော့
1. Timely ( Information တစ်ခုအား လိုအပ်ချက်တစ်ခုအရ ထုတ်လုပ်ပေးခြင်း။
2. Accuracy ( မှန်ကန်သော information တစ်ခုကို ထုတ်လုပ်ပေးခြင်း။
3. Completeness ( ပြည့်စုံသော Information တစ်ခုကို ထုတ်လုပ်ပေးခြင်း။
Data Processing Cycle
Data Processing Cycle ဆိုတာကတော့ လူတစ်ယောက် (သို့မဟုတ်) Machine မှ Data များအား re-structure ပြုလုပ်ခြင်း ၊ re-order ပြုလုပ်ခြင်းကို ခေါ်ဆိုတာ ဖြစ်ပါတယ်။
ဒီလို Data process ပြုလုပ်ရာမှာ အသုံးပြုသူရဲ့ ခိုင်းစေချက်အရ Data များကို Value များ သတ်မှတ်ပြီး ဆက်သွယ် ဆောင်ရွက်လေ့ရှိပါတယ်။ ဥပမာ Data Processing ပြုလုပ်ခြင်းအတွက် Input , Processing , Output ဆိုတဲ့ အချက်သုံးချက်နှင့် ကွန်ပျူတာမှ လုပ်ဆောင်ပေးပါတယ်။
လူတစ်ယောက် ထည့်သွင်းလိုက်တဲ့ Input တစ်ခုကို ကွန်ပျူတာမှ အရင်ဦးဆုံး Process ပြုလုပ်ရပါတယ်။ ပြီးမှသာလျှင် output အနေဖြင့် user ဆီသို့ ပြန်လည်ဖော်ပြပေးရခြင်း ဖြစ်ပါတယ်။ အောက်တွင် Data Processing Cycle ကို ပုံနှင့် မြင်သာအောင် ဖော်ပြပေးထားပါတယ်။