Computer Generations

Written by S.N.O Published in 31 Jul 2014

     ကွန်ပျူတာများ ဆင့်ကဲပြောင်းလဲ တိုးတက်မှု ဆိုင်ရာ လေ့လာချက်များကို Computer Generation လို့ ခေါ်ဆိုပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူ တာများဟာ နောက်ဆုံးပေါ် မျိုးဆက်သစ် Generation များသာ ဖြစ်ကြပြီး ၎င်းမတိုင်မီ ကာလအတွင်းမှာတော့ Computer Generation ပေါင်းများစွာ ဆင့်ကဲ တိုးတက် ပြောင်းလဲလာခဲ့ပါတယ်။

Generation ဆိုတာဟာ ကွန်ပျူတာနယ်ပယ်မှာတော့ နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ များသောအားဖြင့် Generation ဆိုတဲ့ စကားလုံးကို ကွန်ပျူတာပိုင်းဆိုင်ရာ Hardware များ တိုးတက်ပြောင်းလဲမှုမှာ အသုံးပြုပါတယ်။

ဥပမာအားဖြင့် Intel ကုမ္ပဏီမှ ၎င်းရဲ့ CUP များကို ထုတ်လုပ်ရာမှာ 1st Generation, 2nd Generation ဆိုပြီးတော့ အမျိုးအစားတွေ ခွဲခြားထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ Generation ဆိုတဲ့စကားလုံးကို Computer Hardware များသာမကပဲ Software များမှာပါ အသုံးပြုလာတာကို တွေ့ရပါတယ်။

 

 

     ကွန်ပျူတာ မျိုးဆက် Generation များကို ခွဲခြားလေ့လာရာမှာ အဓိက Generation ငါးပိုင်း ခွဲခြားလေ့လာလို့ ရပါတယ်။

ကွန်ပျူတာ Generation များကို သတ်မှတ်ရာမှာလည်း အသုံးပြုသည့်အမျိုးအစား ၊ နည်းပညာသစ် ပါဝင်မှုတို့အပြင် ၎င်းရဲ့ ပြင်ပ လက္ခဏာတွေကိုပါ ခြုံငုံပြီးမှ Generation တစ်ခုရယ်လို့ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

    ကွန်ပျူတာ Generation များကို လေ့လာရာမှာ

1. First Generation       (1946 ခုနှစ်မှ 1959 ခုနှစ်အတွင်း Vaccum Tube ကို အခြေပြုထားတဲ့ ပထမဆုံးကွန်ပျူတာ တည်ဆောက်မှု စနစ်များ)

2. Second Generation  (1959 ခုနှစ်မှ 1965 ခုနှစ်အတွင်း Transistor ကို အခြေပြုထားတဲ့ ဒုတိယ မျိုးဆက်သစ် ကွန်ပျူတာများ)

3. Third Generation      (1965 ခုနှစ်မှ 1971 ခုနှစ်အတွင်း Integrated Circuit ကို အခြေပြုထားတဲ့ ဒုတိယ မျိုးဆက်သစ် ကွန်ပျူတာများ)

4. Fourth Generation    (1971 ခုနှစ်မှ 1980 ခုနှစ်အတွင်း VLSI Microprocessor ကို အခြေပြုထားတဲ့ ဒုတိယ မျိုးဆက်သစ် ကွန်ပျူတာများ)

5. Fifth Generation       (1980 ခုနှစ် မှ ယနေ့ခေတ် ကွန်ပျူတာများတွင် အသုံးပြုသော ULSI Microprocessor အခြေပြု နောက်ဆုံးပေါ် ကွန်ပျူတာများ) ဆိုပြီး အပိုင်း ငါးပိုင်း ခွဲခြား သတ်မှတ်ထားပါတယ်။

     ဒီလို ကွန်ပျူတာ Generation တိုင်းတွင် အသုံးပြုထားတဲ့ Device များ ၊ Component များ ၊ Memory ၊ Circuit ဒီဇိုင်းနှင့် နည်းပညာများ ၊ CUP တွက်ချက်မှုစနစ်များ ဟာ တစ်ဆင့်ထက် တစ်ဆင့် တိုးတက် ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ ထို့ပြင် ယခင် အသုံးပြုနေကျ Machine Code နှင့် Electric Wired Board Language လို့ခေါ်တဲ့ စက်ရဲ့ မှတ်ဥာဏ် နည်းပညာများ ဟာလည်း ပြောင်းလဲမှုများစွာ ပါဝင်နေပြီး Generation တစ်ခုတိုင်းတွင် အကြီးမားဆုံးသော ပြောင်းလဲမှုများစွာ ပါဝင်နေပါသည်။

အပေါ်မှာ ဖော်ပြထားတဲ့ပုံကတော့ ကွန်ပျူတာခေတ်ဦးကာလက ထွက်ပေါ်လာခဲ့တဲ့ Second Generation ကွန်ပျူတာနှင့် Third Generation ကွန်ပျူတာ ပုံစံဖြစ်ပါတယ်။ ဒီလိုပုံစံ ကွာခြားချက်များအရ Generation တစ်ခုစီရဲ့ အကြီးမားဆုံးသော တိုးတက် ပြောင်းလဲလာမှုများကို လေ့လာတွေ့ရှိ နိုင်ပါသည်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.