Computer Memory

Written by S.N.O Published in 26 Jun 2014

    Memory ဆိုတာကတော့ အလွယ်ပြောရရင် မှတ်ဥာဏ်ဖြစ်ပါတယ်။ ကွန်ပျူတာ Memory ဆိုတာကတော့ ကွန်ပျူတာအတွင်းမှာ သင်နှစ်သက်ရာ အချက်အလက်များ သိမ်းဆည်းရန်အတွက် Storage Space (သိုလှောင် သိမ်းဆည်းနိုင်သည့် ပမာဏ) ကိုပြောတာပါ။

ဒီလိုမျိုး ကွန်ပျူ တာအတွင်းမှာ Data တွေ ကို သိမ်းဆည်းထားမယ်ဆိုရင် ဒီ Data တွေကို သင်နှစ်သက်တဲ့ အချိန်မှာ လိုအပ်သလို ပြန်လည် ကြည့်ရှုလို့ ရပါတယ်။

ဒီလို Process လုပ်ငန်းစဉ်ကြီးမှာ အဓိက မပါမဖြစ် အရေးကြီးတဲ့ အစိတ်အပိုင်းကတော့ Memory ဖြစ်ပါတယ်။

        Memory ဟာ သေးငယ်သော အစိတ်အပိုင်းလေးများစွာ ပေါင်းစပ်ဖွဲ့စည်းရာမှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။  ဒီလိုမျိုး Memory တစ်ခုအတွင်းမှာ ပါဝင်တဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေကိုတော့ Cell လို့ ခေါ်ဆိုပါတယ်။

ဒီ Cell လေးတွေကို အသေးစိတ်ထပ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုမယ် ဆိုရင်တော့ သူ့ကို Memory Location လို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီလို Cell လေးတွေမှာ သက်ဆိုင်ရာ Address လေးတွေ ထည့်သွင်းထားပြီး အဲဒီ Address လေးတွေဟာ 0 (Zero) မှ စတင်ပြီး အလုပ်လုပ်ပါတယ်။

ဥပမာ ကွန်ပျူတာမှ 64k Words လို့ ပြောလိုက်တာဟာ Memory Unit အနေဖြင့် ကြည့်မယ်ဆိုရင် 64* 1024 = 65536 Memory Location လို့ ဆိုလိုလိုက်တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ Address ရဲ့ Location ကို ကြည့်မယ်ဆိုရင် Zero မှ 65535 အထိ ပါဝင်တာကို တွေ့ရပါတယ်။

Memory တွေကို ပုံမှန်အားဖြင့် သုံးမျိုး ခွဲခြားနိုင်ပါတယ်။
အဲဒါတွေကတော့
(1) Cache Memory
(2) Primary Memory / Main Memory
(3) Secondary Memory ဆိုပြီး သုံးမျိုးခွဲခြား သတ်မှတ်ထားပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.