Computer Memory (2)

Written by S.N.O Published in 26 Jun 2014

(1) Cache Memory

         Cache Memory ဆိုတာကတော့ အလွန်မြန်ဆန်တဲ့ Semiconductor Memory ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

သူ့ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ကွန်ပျူတာရဲ့ CPU အမြန်နှုန်းကို ပိုမိုကောင်းမွန်စေရန် အထောက်အပံ့ပေးတဲ့ Memory အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ သူက CPU နဲ့ Main Memory နဲ့ အကြားမှာရှိတဲ့ Buffer ကိုလည်း ချိန်ညှိပေးပါတယ်။

ကွန်ပျူတာတစ်လုံးမှာ Cache Memory ပါဝင်တဲ့ အတွက်ကြောင့် Main Memory ကို ပိုမိုမြန်ဆန်စေခြင်း၊ Memory Memory မှ Data Access ပြုလုပ်တဲ့ အချိန်ကို ပိုမိုမြန်ဆန်စေခြင်း၊ Data များကို အချိန်တိုအတွင်း သိမ်းဆည်းပေးနိုင်ခြင်း၊ Temporary Use လို့ခေါ်တဲ့ ခဏတာ သိမ်းဆည်းတဲ့ Data များကို အလွယ်တကူ Cache ထဲမှာ Storage လုပ်ထားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

ဒါပေမယ့် သူ့ရဲ့ အဓိက အားနည်းချက်ကတော့ Limited Capacity ဖြစ်တာကြောင့် Data များကို အတိုင်းအတာ တစ်ခုအရသာ သိမ်းဆည်းနိုင်ခြင်း၊ Cache Memory များဟာ အလွန်ဈေးကြီးခြင်း စတာတွေ ဖြစ်ပါတယ်။

(2) Primary Memory (Main Memory)

          Primary Memory ကိုတော့ နောက်ထပ်တစ်မျိုးအနေဖြင့် Main Memory လို့ ခေါ်ဆိုပါတယ်။

Primary Memory ဟာ ကွန်ပျူတာတစ်လုံးရဲ့ လက်ရှိ RUN နေတဲ့ Process တွေကို အဓိက ကူညီ ပံ့ပိုးပေးပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ကွန်ပျူတာရဲ့ Process တွေအားလုံးဟာ Main Memory ပေါ်မှတစ်ဆင့် လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

     ဒါပေမယ့် ကွန်ပျူတာကို Power Off ပြုလုပ်ပြီး ပိတ်လိုက်မယ်ဆိုရင်တော့ သူ့ဆီမှာ သိုလှောင်ထားတဲ့ Data တွေ အားလုံးဟာ ပျောက်ပျက်သွားမှာ ဖြစ်ပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်ကတော့ ခဏတာ သိမ်းဆည်းပေးခြင်းသာ ဖြစ်ပါတယ်။ Primary Memory ကို RAM တွေလို့လဲ ခေါ်ဆိုလေ့ရှိပါတယ်။ ဒီ Primary Memory တွေဟာ Semiconductor Device တွေ ဖြစ်ကြပါတယ်။

Primary Memory ရဲ့ Characteristic တွေကတော့
၁။ Primary Memory တွေဟာ Semiconductor Memory များဖြစ်ခြင်း။
၂။ Main Memory လို့ ခေါ်ဆိုခြင်း။
၃။ သူ့ဟာ ကွန်ပျူတာရဲ့ အမြန်နှုန်းကို ထောက်ပံ့ပေးခြင်း။
၎။ ကွန်ပျူတာရဲ့ အဓိက Memory အနေဖြင့် လုပ်ဆောင်ပေးခြင်း။
၅။ Secondary Memory များထက် ပိုမိုမြန်ဆန်ခြင်း။
၆။ Primary Memory မရှိပဲ ကွန်ပျူတာမှ Process မလုပ်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။

(၃) Secondary Memory

Secondary Memory ဆိုတာကတော့ ကွန်ပျူတာအတွင်းမှာပါတဲ့ အားလုံးသိကြတဲ့ Hard Drive ကြီးကို ပြောတာပါ။

     Main Memory ထက်တော့ သူ့ရဲ့ Data Process ဟာ နှေးကွေးပါတယ်။ သူ့မှာ ရေးသားထားတဲ့ Data / Information တွေဟာ Permanent ရေးထားတာ ဖြစ်ပါတယ်။ ဒီတော့ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ CPU ဟာ ဒီ Secondary Memory ဖြစ်တဲ့ Hard Disk ကြီးနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး Process လုပ်ဆောင်လို့မရပါဘူး။

သူနဲ့ ဆက်သွယ်ရန်အတွက် ကြားခံအနေဖြင့် Main Memory ဖြစ်တဲ့ RAM လိုအပ်ပါတယ်။ ဒီ RAM မှတစ်ဆင့်သာ CPU ဟာ Hard Drive နဲ့ဆက်သွယ်နိုင်တာ ဖြစ်ပါတယ်။

Secondary Memory ရဲ့ Characteristic တွေကတော့
၁။ Magnetic စနစ် ဖြင့်ပြုလုပ်ထားသော Optical Memory ဖြစ်ခြင်း။
၂။ Backup Memory အနေဖြင့် အသုံးပြုခြင်း။
၃။ Non-Volatile Memory ဖြစ်ခြင်း။
၎။ Data များကို အမြဲတမ်း Permanently အနေဖြင့်သိမ်းဆည်းပေးခြင်း။
၅။ ကွန်ပျူတာအတွင်းရှိ Data အားလုံးကိုသိမ်းဆည်းရာ နေရာဖြစ်ခြင်း။
၆။ Hard Disk မရှိပဲ Computer မှ RUN မလုပ်နိုင်ခြင်း။
၇။ Primary Memory ထက် Slow ဖြစ်ခြင်း စတဲ့အချက်တွေ ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.