Computer (Networking)
ဒီကွန်ပျူ တာ Networking ဆိုတာကတော့ ကွန်ယက်တစ်ခုအတွင်း ကွန်ပျူတာ အများအပြားအား ချိတ်ဆက်အသုံးပြုခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒီလိုမျိုး ကွန်ပျူတာတွေ အချင်းချင်း ချိတ်ဆက်အသုံးပြုခြင်းအားဖြင့် ကွန်ပျူတာ တစ်လုံးမှ Data များကို နောက်ထပ် တစ်လုံးမှ Share ရယူ အသုံးပြုနိုင်လာပါတယ်။ နောက်ထပ် အားသာချက်တွေ အနေနဲ့ကတော့ Application တွေကို မျှဝေအသုံးပြုနိုင်ခြင်း၊ Printer , Fax , Internet စတာတွေကို မျှဝေအသုံးပြုနိုင်ခြင်းစတဲ့ ကောင်းကျိုးများစွာကို ရရှိစေနိုင်ပါတယ်။
ဒီနေရာမှာ Networking ဆိုတဲ့ အရာကို အခြေအနေဖြင့် သိယုံမျှ ဖော်ပြထားခြင်း ဖြစ်တာကြောင့် Network အကြောင်းကို အကျယ်တ၀င့် မပြောတော့ပါဘူး။ နောက်ပိုင်း Network သင်ခန်းစာများတွင် အသေးစိတ် ဖော်ပြပေးပါမယ်။
ကွန်ပျူတာအချင်းချင်း တစ်လုံးနှင့်တစ်လုံး ချိတ်ဆက်အသုံးပြုခြင်းကို Network ချိတ်ဆက်အသုံးပြုခြင်းရယ်လို့ သိထားရင် လုံလောက်ပါပြီ။ အခု ဒုတိယအဆင့် အနေဖြင့် Network တွေရဲ့ Characteristics ကို ဆက်ပြီး လေ့လာကြည့်ပါမယ်။
Network တွေရဲ့ Characteristics တွေဟာ
- 1. ကွန်ပျူတာတစ်လုံးမှ နောက်ထပ် ကွန်ပျူတာတစ်လုံးသို့ Data များ မျှဝေအသုံးပြုခြင်း။
- 2. Server ကွန်ပျူတာသို့ ကွန်ယက်အတွင်းမှ အခြားကွန်ပျူတာများမှ Data များ စုပေါင်းသိမ်းဆည်းခြင်း။
- 3. Printer များ Scanner များကို ကွန်ုယက်ချိတ်ဆက်ပြီး ကွန်ပျူတာ အများအပြားမှ မျှဝေအသုံးပြုခြင်း။
- 4. Fax Maxchine များကို မျှဝေအသုံးပြုနိုင်ခြင်း။
စတာတွေအပြင် အင်တာနက်အသုံးပြုခြင်း ၊ Application Share ပြုလုပ်အသုံးပြုခြင်း စတာတွေပါ အကျုံးဝင်ပါတယ်။ အခုဆက်ပြီးတော့ ကွန်ပျူတာ Network ချိတ်ဆက်အသုံးပြုရာမှာ လိုအပ်တဲ့ Hardware များကို ဆက်လက်ဖော်ပြပေးပါမည်။
Network ချိတ်ဆက် အသုံးပြုရန်အတွက် လိုအပ်တဲ့ Hardware Device တွေကတော့
-
1. Network Cables
(ကွန်ယက်ချိတ်ဆက် အသုံးပြုရန်အတွက် ကွန်ပျူတာ တစ်လုံးနှင့်တစ်လုံး ချိတ်ဆက်အသုံးပြုရန် Network ကြိုးများ လိုအပ်ပါတယ်။
2. Distributors
(ကွန်ယက်ချိတ်ဆက်ပေးမည့် Distributor များ လိုအပ်ပါတယ်။
-
3. Router
(ကွန်ယက်တစ်ခုအတွင်း ကွန်ပျူတာအများအပြားကို ဖြန့်ကျက် အသုံးပြုနိုင်ရန်အတွက် Router ဟာ အဓိကအားဖြင့် ချိတ်ဆက်ပေးပါတယ်။
-
4. Network Cards
(ကွန်ယက်ချိတ်ဆက်ရန်အတွက် ကျွန်ပျူတာအတွင်း Network Cards များ တပ်ဆင်ထားရန် လိုအပ်ပါတယ်။