Computex Tech Show တွင် Intel မှ Chip အသစ်များ မိတ်ဆက်သွားမည်
ယခုရက်တွေဟာ Intel အတွက် တကယ့်ကို အလုပ်ရှုပ်နေမည့် နေ့မျိုးတွေ ဖြစ်ပါတယ်။ Micro Processor များစွာကို ထုတ်လုပ်လျှက်ရှိတဲ့ Intel ကုမ္ပဏီဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြီး စွမ်းဆောင်ရည်ကောင်းတဲ့ Chip အသစ်များကိုသာ ထုတ်လုပ်ရန် ကြိုးပမ်းနေခဲ့ပါတယ်။ ယခုလည်း Intel မှ Computer chip များသာမကပဲ မိုဘိုင်း Chip အသေးလေးများကိုပါ ထုတ်လုပ်လာခဲ့ပြီး သူ့ရဲ့ Micro Processor ဈေးကွက်ကို ပိုမိုကြီးမားစေရန် ကြိုးပမ်းလျှက်ရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်အတွင်း Intel မှ Samsung Galaxy Tab 3 အတွင်း ထည့်သွင်းအသုံးပြုရန် ထုတ်လုပ်ခဲ့တဲ့ Processor ဟာ စွမ်းဆောင်ရည်အလွန်ကောင်းမွန်တာကြောင့် Intel ကို လူကြိုက်ပိုမိုများလာခဲ့ပါတယ်။
Intel ကုမ္ပဏီအနေဖြင့် Computer နည်းပညာပြပွဲမှာ Windows အတွင်းထည့်သွင်းအသုံးပြုတဲ့ နည်းပညာမြင့် Processor များကို ပြသသွားမှာဖြစ်ပြီး ဒါဟာ သူ့အတွက်တကယ့်ကို လူစိတ်ဝင်စားအောင်ပြုလုပ်ခြင်း တစ်မျိုးဖြစ်ကြောင်း Intel မှ ပြောကြားထားပါတယ်။ ယနေ့ အာရှမှ Customer များအတွက်ဆိုလျှင် Antroid အခြေပြု Chip များရဲ့ ရောင်းအားဟာ လျှော့နည်းနေသေးတာကြောင့် Intel မှ Windows ဘက်သို့ ဦးတည်သွားခြင်းလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ လ က တိုင်ပေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကွန်ဖရင့်တစ်ခုမှာ Intel မှ Android Phone များ Tablet များအတွင်းမှာ ၎င်း ရဲ့ Processor ကို ပိုမိုအသုံးပြုစေလိုကြောင်း တရားဝင် ပြောကြားခဲ့ပြီး သူ့ရဲ့ Moorefield quad-core processor ဟာ Android ဖုန်းများအတွင်း တွင်ကျယ်စွာ အသုံးပြုရန်ရည်ရွယ်ထားကြောင်း intel မှ ပြောဆိုထုတ်ပြန်ခဲ့ပါတယ်။
အခုလောလောဆယ်မှာတော့ Qualcomm နဲ့ Samsung ကုမ္ပဏီများမှ ထုတ်လုပ်သော စမတ်ဖုန်းများအတွင်းမှာ Intel quad-core Processor များကို များစွာအသုံးပြုထားပြီး Atom Z2560/Z3580 Moorefield များဟာ ရှစ်လက်မအရွယ် ၀န်းကျင် စမတ်ဖုန်းနှင့် Tablet များအတွင်း ထည့်သွင်းအသုံးပြုထားပါတယ်။ နောက်လာမည့် လများတွင်လည်း XMM 7260 LTE Silicon Chip များကို LTE မိုဘိုင်းများမှာ ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပြီး Winodws 8.1 အခြေပြုထည့်သွင်းထားတဲ့ Tablet များကိုလည်း LTE မှ ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။