Context Menu တွင် Item အသစ်များ ထည့်သွင်းခြင်း
ဒီသင်ခန်းစာကတော့ New Context Menu တွင် သင်အသုံးပြုလိုသော Application များကို Shortcut အနေဖြင့် ထည့်သွင်း အသုံးပြုပုံ ဖြစ်ပါတယ်။ ဒီလိုမျိုး New Context Menu တွင် Appliction များ ထည့်သွင်းထားခြင်းအားဖြင့် ၎င်း Application နှင့်ပတ်သက်သော လုပ်ဆောင်ချက်များကို အမြန်ဆုံး ဆောင်ရွက်နိုင်ပါတယ်။
(ဥပမာ) သင်ဟာ Excel ကို အမြဲအသုံးပြုနေသူ တစ်ဦးဆိုလျှင် New Context Menu တွင် Excel ကို ထည့်သွင်းထားခြင်းအားဖြင့် Excel Software နဲ့ပတ်သက်သော File အသစ် တည်ဆောက်မှုများ ၊ Excel Document များကို အမြန်ဆုံး Run လုပ်နိုင်ပါတယ်။
New Context Menu ဆိုတာကတော့ Desktop ပေါ်မှာ Right Click နှိပ်လိုက်လျှင် ပေါ်လာသော Pop up Menu ကို ပြောတာပါ။ ဒီတော့ Desktop ပေါ်တွင် Right Click နှိပ်လိုက်ပါ။
အခု Right Click Menu မှာ JPEG File တစ်ခုကို ထပ်မံထည့်သွင်းပါမယ်။ Run မှ regedit လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Registry Editor ထဲကို ရောက်သွားပါလိမ့်မယ်။
အခု လောလောဆယ်မှာ JPEG File Extension တစ်ခုကို ထည့်သွင်းပါမယ်။ ၎င်း JPEG File ကို .bdd လို့ သတ်မှတ်ထားပါမယ်။ ဘာကြောင့်လဲဆိုတော့ .bdd extension နဲ့ JPEG File များကို ဖတ်နိုင်သော Program တစ်ခု ထည့်သွင်းထားလို့ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် JPEG File Extension တစ်ခုသာ ဖြစ်ပါတယ်။
HKEY_CLASSES_ROOT ထဲမှာ New Key တစ်ခုကို ဖန်တီးလိုက်ပါ။ သူ့ရဲ့အမည်ကို .bdd လို့ အမည်ပေးလိုက်ပါမယ်။ ပြီးနောက် သူ့ရဲ့ Value ဖြစ်တဲ့ Dafault ကို Bdd.Document လို့ အမည်ပြောင်းလဲပေးလိုက်ပါမယ်။
ထို့နောက် Sub-Key တစ်ခုကို ဖန်တီးလိုက်ပါ။ ShellNew လို့ အမည်ပြောင်းပေးလိုက်ပါမယ်။ Shell New ရဲ့ အောက်မှာ String နှစ်ခုကို ဖန်တီးပြီး ~NullFile and NullFile လို့ အမည်ပေးထားပါမယ်။
ဒုတိယအဆင့်အနေဖြင့် လုပ်ဆောင်ရမှာကတော့ နောက်ထပ် New Key တစ်ခုကို ထပ်မံဖန်တီးပြီး Bdd.Document လို့ အမည်ပေးလိုက်ပါမယ်။ သူ့ရဲ့ Value ကိုတော့ JPEG File လို့ ပြောင်းလဲပေးလိုက်ပါမယ်။ သူ့အောက်မှာ Sub key တစ်ခုကို ထပ်မံဖန်တီးပြီးနောက် Bdd.Document လို့ အမည်ပြောင်းလဲပေးလိုက်ပါမယ်။
ပြီးနောက် Registry Editor မှ ထွက်လိုက်ပါမယ်။ သင့်ကွန်ပျူတာကို Restart ချပေးရန် လိုအပ်ပါတယ်။ ဒါဆိုရင်တော့ Desktop > Right Click မှာ JPEG ဆိုတဲ့ Extenstion တစ်ခု ထပ်မံပါဝင်လာတာကို တွေ့ရပါလိမ့်မယ်။