Creating Type Paths

Written by S.N.O Published in 23 Sep 2014

ဒီသင်ခန်းစာကတော့ Adobe InDesign အတွင်း Layout ပြုလုပ်ရာမှာ စာသားများကို ပုံသဏ္ဍာန်မျိုးစုံဖြင့် ထည့်သွင်းအသုံးပြုပုံ ဖြစ်ပါတယ်။ ဥပမာ ပုံအရွယ်အစားနှင့် ပုံသဏ္ဍာန်အလိုက် စာသားများအား မျဉ်းကွေးပုံစံ ရေးထိုးခြင်း၊ စက်ဝိုင်းပုံစံ ရေးထိုးခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုလို့ ရပါတယ်။

အဓိက ဒီ Tool ရဲ့ အသုံးပြုရခြင်း ရည်ရွယ်ချက်ကတော့ Layout ပုံစံနှင့် စာအုပ်မျက်နှာဖုံးများ ပြုလုပ်ရန်အတွက် ဖြစ်ပါတယ်။

အရင်ဦးဆုံး InDesign CS 5 ကို ဖွင့်ပြီး New Document တစ်ခုကို တည်ဆောက်ထားလိုက်ပါ။ ပြီးနောက် ၎င်း New Document အတွင်းသို့ နှစ်သက်ရာပုံတစ်ပုံ ထည့်သွင်းပေးလိုက်ပါ။

 

 

အခု ထည့်သွင်းထားတဲ့ ပုံဘေးဘောင်အလိုက် စာသားများကို ထည့်သွင်းပါမယ်။ ဒီတော့ ဘယ်ဖက်ရှိ Rectangle Tool ကို ရွေးပြီးပုံအတိုင်း လေးထောင့်ဘောင်တစ်ခုကို ခတ်ထားလိုက်ပါ။ ပြီးနောက် ဘယ်ဖက် Tool Bar ရှိ Type on a Path Tool ကို ရွေးပေးလိုက်ပါ။  Keyboard Shortcut အနေဖြင့် Shift+T ကို အသုံးပြုနိုင်ပါတယ်။

 

 

ထို့နောက် လေးထောင့်ဘောင်ပေါ်တွင် Mouse နှင့် Cursor ချပြီး သင်နှစ်သက်ရာ စာသားများကို ရိုက်ထည့်လိုက်ပါ။

 

 

အခုဆိုရင် ပုံအလိုက် စာသားများ ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ ဒီနည်းလမ်းအတိုင်း အခြားပုံသဏ္ဍာန် Text များကိုလည်း ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ အခု နမူနာအနေဖြင့် ဘယ်ဖက်ရှိ Rectangle Tool ပေါ်တွင် Right Click နှိပ်၍ Ellipse Tool ကို ရွေးလိုက်ပါ။ Document ပေါ်တွင် စက်ဝိုင်းပုံတစ်ပုံကို ရေးဆွဲလိုက်ပါ။

 

 

ပြီးနောက် Shift T ကိုနှိပ်ကာ စက်ဝိုင်းပုံအလိုက် စာသားများထည့်သွင်းကြည့်ပါ။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.