Creating Type Paths (2)

Written by S.N.O Published in 23 Sep 2014

ယခုသင်ခန်းစာမှာတော့ Type Paths Tool ကို အသုံးပြုပြီး အခြေခံဒီဇိုင်းလေးတစ်ခု ဖန်တီးပြုလုပ်ပုံကို တင်ဆက်ပေးသွားပါမယ်။ ထုံးစံအတိုင်း New Document တစ်ခုကို ဖန်တီးထားလိုက်ပါ။ ပြီးနောက် ဘယ်ဖက်မှ Ellipse Tool ကို ခေါ်ယူပြီး ဘဲဥပုံသဏ္ဍာန်တစ်ခု ရေးဆွဲလိုက်ပါ။

 

 

Type on a Path Tool ကို ခေါ်ယူပြီး နှစ်သက်ရာ စာသားတစ်ခုကို စက်ဝိုင်းပုံအတိုင်း အပြည့် ရိုက်ထည့်လိုက်ပါ။

 

 

အပေါ်က ပုံကိုကြည့်မယ်ဆိုရင် A များဟာ အောက်မှာ ဇောက်ထိုးပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီတော့ Type on a Path Tool ကိုပဲ ခေါ်ယူထားပြီးနောက် Right Click နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ပါပုံအတိုင်း Menu ကျလာပါလိမ့်မယ်။ Type on Path ထဲမှတဆင့် Options ကို ရွေးချယ်ပေးလိုက်ပါ။

 

 

အခု Type on Path Tools ရဲ့ Options ကျလာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီမှာ Effect နေရာမှာ Skew ကို ပြောင်းလဲရွေးချယ်လိုက်ပါ။ ဒါဆိုရင် စာလုံးများ အတည့်ပုံစံအတိုင်း မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

 

 

Align နေရာမှာတော့ Center ကိုပဲ ရွေးချယ်ထားပါတယ်။ အခြား Ascender , Descenter , Baseline တို့ကိုလည်း ပြောင်းလဲရွေးချယ်ကြည့်ပါ။ နှစ်သက်ပြီဆိုရင်တော့ OK ကို နှိပ်လိုက်ပါမယ်။

 

 

ဆက်လက်ပြီး စာသားရဲ့အရောင်ကို ပြင်ဆင်ရန်အတွက် Tool Bar ပေါ်ရှိ T ဆိုသည့် နေရာလေးကို နှိပ်လိုက်ပါ။ ပြီးနောက် နှစ်သက်ရာ အရောင်တစ်မျိုးမျိုးကို ရွေးချယ်လိုက်ပါ။ အခု စာသားများ အရောင်ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.