Curtain Effect တစ်ခု ပြုလုပ်ခြင်း
အခု လေ့ကျင့်သင်ကြားပေးမည့် သင်ခန်းစာကတော့ Adobe Photoshop CS 5 ကို အသုံးပြုပြီး လိုက်ကာပုံစံ Curtain တစ်ခုကို ပြုလုပ်ဖန်တီးနိုင်သည့် သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ ဒီသင်ခန်းစာကို လေ့ကျင့်သင်ကြားခြင်းအားဖြင့် သင့်အနေဖြင့် Filter များကို ပိုမို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်လာမှာ ဖြစ်ပါတယ်။
ထို့အပြင် Channel အသုံးပြုခြင်းကိုလည်း နားလည်သဘောပေါက်လာမှာ ဖြစ်ပါတယ်။ Channels များကို အသုံးပြုတတ်ခြင်းအားဖြင့် ပုံစံမတူတဲ့ ပုံအမျိုးအစားများကို ပေါင်းစပ်ဖန်တီးခြင်း ပုံနှင့်စာသားများကို တပြေးတည်း ပေါင်းစပ်နေအောင်ပြုလုပ်ဖန်တီးခြင်း စတာတွေကို လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် မျက်နှာပြင်မညီညာသော ပုံများအတွင်း စာသားများကိုပါ ပုံရဲ့ မျက်နှာပြင်အလိုက် ထောင့်ချိုးများ ၊ လှိုင်းတွန့်များ အနေဖြင့် Smooth ဖြစ်အောင် ပြုလုပ်ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒါမှသာ ရုပ်ပုံဟာ ပိုမိုကြည့်ကောင်းပြီး တကယ့် Realistic ကျမှာ ဖြစ်ပါတယ်။
အခု ပထမဦးဆုံး Adobe Photoshop CS 5 ကို ဖွင့်လိုက်ပါမယ်။ ပြီးနောက် File > New Document တစ်ခုကို ဖန်တီးလိုက်ပါမယ်။
Document အရွယ်အစားကတော့ ပုံမှန်အသုံးပြုနေကျအတိုင်း 4 x 6 ဓါတ်ပုံဆိုဒ် အရွယ်အစားအတိုင်း ဖန်တီးထားလိုက်ပါမယ်။ Background Color ကိုတော့ အဖြူရောင်ကိုသာ ရွေးချယ်ပေးထားပါမယ်။