Curtain Effect တစ်ခု ပြုလုပ်ခြင်း

Written by S.N.O Published in 31 Dec 2014

         ယခု ဒီ Map Document တစ်ခုအား ပိုမိုချော့မွေ့စေရန်အတွက် Filter > Blur > Gaussian Blur ကို ရွေးချယ်ပေးလိုက်ပါမယ်။ Radius နေရာမှာ 3.0 အနေဖြင့် ပြောင်းလဲပေးလိုက်ပါမယ်။ ပြီးနောက် OK ကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင် ဒီ Map လေးဟာ ပိုမိုချောမွေ့လာတာကို တွေ့ရပါလိမ့်မယ်။

 

 

         ပြီးရင်တော့ ဒီ Map Document ကို ကွန်ပျူတာအတွင်း နှစ်သက်ရာနေရာတစ်ခုခု တွင် သိမ်းဆည်းလိုက်ပါ။ သူ့ကို ပြန်လည်ခေါ်သုံးမှာ ဖြစ်တဲ့အတွက်ကြောင့် လွယ်ကူတဲ့နေရာတစ်ခုခုတွင် သိမ်းဆည်းပေးလိုက်ပါ။ ပြီးရင်တော့ ဒီ Map Document ကို ပိတ်လိုက်နိုင်ပါပြီ။

         ယခင်ပြုလုပ်ထားတဲ့ Document ဘက်ကို ပြန်သွားရအောင် Channels မှာ Red တစ်ခုတည်းဖြစ်နေတဲ့အတွက်ကြောင့် RGB ကို ပြန်ရွေးလိုက်ပါမယ်။ ပြီးရင်တော့ Layers ကို ပြန်ရွေးချယ်ထားပါမယ်။ ဒါဆိုရင် ပုံဟာ နဂိုပြုလုပ်ထားတဲ့ ပုံစံ အတိုင်း ပြန်လည်ရရှိလာပါလိမ့်မယ်။

 

 

အခု စာသားထည့်သွင်းရန်အတွက် ဘယ်ဖက်ရှိ Text Tool ကို ယူလိုက်ပါမယ်။ Ctrl+Shift + N ကိုနှိပ်ပြီး New Layer တစ်ခုကို ပြုလုပ်ဖန်တီးလိုက်ပါ။ ပြီးနောက် Layer အသစ်မှာ Curtain ဆိုပြီးစာသားကို ရေးသားပါမယ်။

 

 

         အရောင်ကိုတော့ အဖြူရောင်ကို အသုံးပြုထားပါတယ်။ Font ကတော့ Impact ကို အသုံးပြုထားပါတယ်။ Font Size ကတော့ သင်အလိုရှိရာ အရွယ်အစားကို ရွေးချယ်ပြီး အကြီးအသေး နှစ်သက်သလို အသုံးပြုနိုင်ပါတယ်။ ဒီ Text Layer ကို စိတ်ကြိုက် ပြန်လည်ပြင်ဆင်ရန်အတွက် သူ့ကို ပုံမှန် layer အနေဖြင့် ပြောင်းလဲပေးရပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ တချို့ Effect တွေဟာ Text Layer မှာ အလုပ်မလုပ်ပါဘူး။ ပုံမှန် Layer မှာသာ အလုပ်လုပ်ပါတယ်။ ဒါကြောင့် Text Layer ပေါ်မှာ Right Click နှိပ်လိုက်ပါမယ်။ ပြီးနောက် Rasterize Layer ကို ရွေးချယ်ပေးလိုက်ပါမယ်။

 

 

ဒါဆိုရင် Text Layer ဟာ ပုံမှန် Layer အနေဖြင့် ပြောင်းလဲသွားတာကို တွေ့ မြင်နိုင်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.