Data Type များကို လေ့လာခြင်း
Excel ဟာ Worksheet တစ်ခုအတွင်း မတူညီတဲ့ Data Type များစွာကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Data Type အနေဖြင့် အသုံးများတာတွေကတော့
(၁) Date ( နေ့ရက်များကို ဖော်ပြရန်)
(၂) Text ( စာသားများ ရေးသားဖော်ပြရန်)
(၃) Numbers (ကိန်းဂဏန်းများ ဖော်ပြရန်) စတာတွေ ဖြစ်ပါတယ်။
အခြားအသုံးပြုနိုင်သော Data Type များစွာလည်း ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် လောလောဆယ် ဒီ Data Type သုံးမျိုးကို သိထားရင်လုံလောက်ပါပြီ။
Data Type တွေအားလုံးထဲမှာ Numbers ဟာ အလွန်အရေးကြီးတဲ့ Data Type တစ်ခု ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ Excel ဟာ တွက်ချက်မှုပေါင်း များစွာ ၊ ကိန်းဂဏန်းပေါင်းများစွာကို ထည့်သွင်းအသုံးပြုရသော ဆော့ဖ်ဝဲ တစ်မျိုး ဖြစ်နေလို့ ပါပဲ။ ဒီတော့ Excel ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်အတွက် Numbers Data Type ကိုသာ ဦးစားပေး လေ့လာရန် လိုအပ်ပါတယ်။
Excel Worksheet တစ်ခုအတွင်း ထည့်သွင်းထားသော ကိန်းဂဏန်းတစ်ခုဟာ အလွန်ရှည်လားနေမယ်ဆိုရင်တော့ Excel မှ ၎င်း ကိန်းဂဏန်းအား #### နှင့် ပြသပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထည့်သွင်းထားသော Value ကတော့ နဂိုတန်ဖိုးအတိုင်း ပင်ဖြစ်ပါတယ်။