Default Program ကို ပြောင်းလဲခြင်း

Written by S.N.O Published in 11 Oct 2014

Windows Operating System မှာ Program တစ်ခုမှ ပြုလုပ်ဖန်တီးထားတဲ့ File များအား သက်ဆိုင်ရာ Program နှင့် Open ပြုလုပ်ကာ Run ပေးပါတယ်။ ဥပမာအားဖြင့် .txt File များကိုဆိုလျှင် Windows မှ Notepad နှင့် Run ပေးပါတယ်။

         File Extension အလိုက် သက်ဆိုင်ရာ Program များနှင့် Run ပေးတာကို သင့်အနေဖြင့် ပြင်ဆင်ချင်တယ်ဆိုရင်လည်း ရပါတယ်။ ဥပမာ .txt File များကို notepad နဲ့မဖွင့်ပဲအခြား MS Word နှင့်သော်လည်းကောင်း Windows Word နှင့်သော်လည်းကောင်း ပြင်ဆင်ပြီး Run လုပ်ပေးလို့ရပါတယ်။

ယခု Desktop ပေါ်တွင် PDF File တစ်ဖိုင်ရှိပါတယ်။ အဲဒီ PDF File ကို ပုံမှန်အားဖြင့် Adobe Reader , Foxit Reader များနှင့် Run ပေးပါတယ်။ ဒါကို အခြား Program တစ်ခုနှင့် Open လုပ်ကြည့်ပါမယ်။

 

 

အခု PDF File ပေါ်တွင် Right Click နှိပ်လိုက်ပါမယ်။ ပြီးနောက် Open With ကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင်၎င်း File Extension အလိုက် Support လုပ်ပေးနိုင်တဲ့ Program များကို ယခုလိုတွေ့မြင်နေရမှာ ဖြစ်ပါတယ်။

 

 

ထို့နောက် Choose Default Program ဆိုသည့်စာသားလေးကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင် Open Withဆိုပြီး Box လေးတစ်ခု ကျလာတာကို တွေ့ မြင်နေရပြီ ဖြစ်ပါတယ်။

 

 

အဲဒီမှာ Browse ဆိုသည့်နေရာကို နှိပ်ကာ အခြားသက်ဆိုင်ရာ Program များကိုလည်း ရွေးချယ်ပေးလို့ ရပါတယ်။ အခု Adobe Photoshop CS 5 ကို ရွေးချယ်ပေးလိုက်ပါတယ်။ ပြီးနောက် Ok ကို နှိပ်လိုက်ပါမယ်။

 

 

ဒါဆိုရင် ၎င်း Program ကို ဖွင့်လိုက်လျှင် Adobe Photoshop နဲ့ပွင့်လာတာကို တွေ့မြင်ရပါလိမ့်မယ်။ ထိုနည်းအတိုင်း အခြားသော File Extension များကိုလည်း သက်ဆိုင်ရာ Program အလိုက် ပြောင်းလဲပေးနိုင်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.