Desktop ပေါ်တွင် Control Panel ကို ထားရှိခြင်း
ကွန်ပျူတာစနစ်တစ်ခုလုံးရဲ့ Setting များကို အဓိကထားရှိရာ နေရာတစ်ခုဖြစ်တဲ့ Control Panel ကို သင့်ကွန်ပျူတာရဲ့ Desktop ပေါ်မှာ ပေါ်နေအောင် လုပ်ထားလို့ ရပါတယ်။ ဒီလို Control Panel ကို Desktop ပေါ်တွင် ထားရှိခြင်းအားဖြင့် သင်အလိုရှိသော Setting များကို အလွယ်တကူ ၀င်ရောက်ပြင်ဆင်နိုင်ပါတယ်။
Control Panel ကို Desktop ပေါ်တွင် ထားရှိရန်အတွက် အရင်ဦးဆုံး Start Button ကိုနှိပ်လိုက်ပါ။ ပြီးနောက် Control Panel ဆိုတာကို ပြသပေးနေမှာ ဖြစ်ပါတယ်။
အဲဒီ Control Panel ပေါ်မှာ Right Click နှိပ်လိုက်ပါ။ ပြီးနောက် Show on Desktop ကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် Control Panel ကို Desktop ပေါ်မှာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ ဒီနည်းလမ်းအတိုင်း အခြားသော My Computer , My Network , My Document များကို Desktop ပေါ်မှာ ပေါ်နေအောင် ပြုလုပ်ပေးလို့ရပါတယ်။