DHCP
DHCP ဆိုတာကတော့ Dynamic Host Configuration Protocol ရဲ့ အတိုကောက်စကားလုံး ဖြစ်ပါတယ်။
DHCP ဟာ Communications Protocol တစ်ခုဖြစ်ပြီး ကွန်ယက်တစ်ခုအတွင်းရှိ ကွန်ပျူတာအများအပြားအား Network Parameter များကို အလိုအလျှောက်ပြောင်းလဲ ပေးနိုင်တဲ့ Protocol ဖြစ်ပါတယ်။ DHCP ကို အကြီးစား ကွန်ယက်ချိတ်ဆက်မှုများမှာ အသုံးပြုပြီး အထူးသဖြင့် အင်တာနက် ချိတ်ဆက်မှုများမှာ အသုံးပြုပါတယ်။
ဒါပေမယ့် DHCP ကို အသုံးပြုရန်အတွက် ၎င်းကို စီမံခန့်ခွဲပေးနိုင်တဲ့ System Administrator များ လိုအပ်ပါတယ်။ ဒါမှသာ Parameter များကို manually အရ Update ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
အင်တာနက် ကွန်ယက်ချိတ်ဆက်မှုများအတွင်း DHCP Server ကို အသုံးပြုပြီး ကွန်ယက်ချိတ်ဆက်ထားတဲ့ Network အများအပြား ရှိပါတယ်။ ဒီလို DHCP Server များဟာ Client ကွန်ပျူတာများရဲ့ IP Address , Domain Name , Default Gateway များကို စီမံခန့်ခွဲပေးပါတယ်။
ဥပမာအားဖြင့် Client ကွန်ပျူတာတစ်လုံးမှ ကွန်ယက်အတွင်းကို ၀င်ရောက်ချိတ်ဆက်မယ်ဆိုရင် DHCP ကို request ပြုလုပ်ရပါတယ်။ ဒါမှသာ DHCP Server မှ ၎င်းကွန်ပျူတာအတွက် လိုအပ်သော Information များကို ပြန်လည်ပေးပို့ပေးပါတယ်။
DHCP Client Software ဆိုတာကတော့ Windows Operating System မှာ DHCP ချိတ်ဆက်အသုံးပြုရန်အတွက် Built In ပါဝင်သော ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ ဒီလို Windows Operating System မှာ DHCP support software တွေ ပါဝင်လာတာကြောင့် DHCP ဆာဗာများနဲ့ ချိတ်ဆက်ပြီး အလွယ်တကူ ကွန်ယက်အတွင်းသို့ ၀င်ရောက်ကာ တစ်လုံးနှင့်တစ်လုံး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။