Disable Add or Remove Program

Written by S.N.O Published in 04 Jun 2014

     ကဲ ယခု ဆောင်းပါးလေးကတော့ Control Panel အောက်မှာ ပါဝင်တဲ့ Add or Remove Programs ကို ဘယ်လို ပိတ်သလဲဆိုတာကို ဖော်ပြပေးပါ့မယ်။

Add or Remove Programs ဟာ မိမိရဲ့စက်မှာ Install ပြုလုပ်ထားတဲ့ Application တွေကို ဖြုတ်ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

ကဲ ဒါဆို မိမိရဲ့ Computer မှာ Add or Remove Programs ကို ပိတ်ထားချင်ပါက ဒီသင်ခန်းစာလေးကို ဆက်လက်လေ့လာ လိုက်ကြရအောင်နော်။ ဒီနေရာမှာ Registry မှာ ၀င်ပြီး ပြင်ဆင်ရမှာဖြစ်တဲ့အတွက် ဖော်ပြပေးထားတဲ့ Step by Step အတိုင်းပဲ သွားပေးရပါမယ်။

Start>Run>regedit ကို ရိုက်ထည့်ပေးပါ။ ပြီးပါက အောက်မှာ ဖော်ပြပေးထားတဲ့အတိုင်း regedit လို့ ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် သင့်ကွန်ပျူတာရဲ့ Windows Registry ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။

 

 

HKEY-CURRENT-USER>Software>Microsoft>Windows>Current Version>Policies အောက်၌ Key တစ်ခုတည်ဆောက်ပေးပါ။ ၎င်း Key ကို Uninstall လို့ နာမည်ပေးပါ။

ပြီးပါက ၎င်း Unistall ဆိုတဲ့ Key နေရာတွင် Right Click နှိပ်ပြီး New မှတစ်ဆင့် DWORD Value ကို ရွေးပေးပါ။ ၎င်း Name ကို NoAddRemovePrograms လို့ နာမည်ပေးပါ။ ပြီးပါက ၎င်း Value Data ကို 1 လို့ နာမည်ပေးပါ။ ပြီးပါက Registry Editor မှ ထွက်နိုင်ပါပြီ။

 

 

အဲ ၎င်း Registry မှာ Effect ဖြစ်ချင်ရင်တော့ မိမိရဲ့စက်ကို Restart ပြန်ချပေးရပါမယ်။ Restart ပြန်ချပြီး Windows ပြန်တက်လာပါက Add and Remove Programs ကို ပိတ်ပြီးသွားပြီကို တွေ့မြင်ရပါမယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.