Disk Cleanup ကို အသုံးပြုခြင်း

Written by S.N.O Published in 24 May 2014

     Microsoft မှ ထုတ်လုပ်ထားသော Windows XP , Windows 7 , Windows 8 အစရှိသည်တို့တွင် Hard Disk ပေါ်ရှိ Error များကို ရှင်းလင်းပေးရန်အတွက် အလွန်ကောင်းမွန်တဲ့ Disk Cleanup Utility ပါဝင်ပါတယ်။

Disk Cleanup ဟာ Hard Disk အတွင်းရှိ Error များကိုသာမကပဲ Windows System အတွင်းရှိ Error များ၊ Memory Dump Files များကိုပါ ရှင်းလင်းပေးနိုင်ပါတယ်။

ဒါကြောင့် သင့်ကွန်ပျူတာကို အမြဲတစေ ပေါ့ပါး လျင်မြန်စေရန်အတွက် တစ်လတစ်ခါ သို့မဟုတ် နှစ်ပတ်တစ်ခါလောက် ဖြစ်ဖြစ် Disk Cleanup ပြုလုပ်ပေးသင့်ပါတယ်။

သင့်ကွန်ပျူတာအတွင်းရှိ Hard Disk များကို Disk Cleanup ပြုလုပ်ရန်အတွက် My Computer ကို Double Click နှိပ်လိုက်ပါ။ ဒါဆို Windows Explorer ပွင့်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ထို့နောက် Disk Cleanup ပြုလုပ်လိုသည့် Hard Disk ကို ရွေးချယ်ပြီး ၎င်းအပေါ်မှာ Right Click နှိပ်လိုက်ပါ။

 

Fig (1)

 

ပြီးရင် Properties ကိုသွားပါ ။ အောက်ဆုံးမှာ မြင်တွေ့နေရမည့် Disk Cleanup ဆိုသည့် Button ကို နှိပ်လိုက်ပါ။

 

Fig (2)

 

ဒါဆိုရင် Windows မှ Disk Cleanup စတင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အချိန်အနည်းငယ် စောင့်ဆိုင်းရပါမယ်။

ဒါဟာ သင့်ကွန်ပျူတာရဲ့ Hard Disk အရွယ်အစားနှင့် ထည့်သွင်းထားသော File ပမာဏ အလိုက် ကြာမြင့်မှာ ဖြစ်ပါတယ်။

 

Fig (3)

 

Disk Cleanup ပြုလုပ်လို့ပြီးသွားရင်တော့ Clean လုပ်လိုက်ပြီး ပိုမိုပြီး Free Space ထွက်လာတဲ့ Hard Disk Amount ကို ပြသပေးမှာ ဖြစ်ပါတယ်။

OK ကို နှိပ်လိုက်ပါ။

မလိုအပ်တဲ့ File တွေကို ဖျက်မလားဆိုတဲ့ မေးခွန်းကို မေးပါလိမ့်မယ်။

Delete ကို နှိပ်လိုက်ပါ။

 

Fig (4)

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.