DoS ( Denial of Services) Attack အကြောင်း
DoS ( Denial of Services ) Attack ဆိုတာဘာလဲ။ DoS Attack ဆိုတာဟာ Computer Network တွေစတင် ပေါ်ပေါက်လာတဲ့ အချိန်တွေလောက်ကတည်းက ပေါ်ပေါက်နေခဲ့တဲ့ အစောဆုံးနဲ့ အရိုးရှင်းဆုံး Hacking Attack နည်းစနစ်တစ်မျိုး ဖြစ်ပါတယ်။
အရိုးရှင်းဆုံးဆိုတာ Attack စတင်ဖန်တီးပုံကိုပြောတာနော်။ သွားပြီးတော့တော့ အထင်မသေးလိုက်ပါနဲ့။ သူ့ရဲ့ Hacking ( နှောင့်ယှက်ဖျက်ဆီးမှု) စွမ်းရည်ကတော့ တိုက်ခိုက်မှုရဲ့ ဦးတည်ချက် (တိုက်ခိုက်သူရည်ရွယ်ထားတဲ့ ဖြစ်စေချင်တဲ့ ထိခိုက်မှုပမာဏ) ပြီးတော့ တိုက်ခိုက်ခံရတဲ့ Network အဖွဲ့အစည်းရဲ့ Security ပိုင်းဆိုင်ရာ ကြိုတင်ကာကွယ်ထားမှု ( ဥပမာ Firewall ကို ဘယ်လို Configuration တွေနဲ့ တပ်ဆင်ထားတယ်ဆိုတာမျိုးပေါ့) စတာတွေပေါ်မူတည်ပြီးတော့ ထိခိုက်မှုပမာဏဟာ Network ထဲက အဓိက Servers တွေကို Hang သွားစေရုံလောက်ကနေ အဲဒီ Network ကြီးတစ်ခုလုံး အတွင်းပိုင်းအချင်းချင်းရော အပြင်ဘက် တခြား Network တွေနဲ့ပါ လုံးဝ ချိတ်ဆက်မှု ပြတ်တောက်သွားစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
DoS Attack တွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူ့ရဲ့မူရင်းအဓိပ္ပာယ်အတိုင်းပါပဲ။ တိုက်ခိုက်ခံရတဲ့ Network ထဲက အဓိက Server တွေအနေနဲ့ သူတို့လက်ရှိပေးနေတဲ့ Services တွေကို ဆက်လက်ပေးနိုင်စွမ်းမရှိအောင် ၊ Services တွေပေးနေတာ လုံးဝရပ်ဆိုင်းသွားပြီး အဲဒီ Server တွေ Hang သွားအောင် အဓိက ရည်ရွယ်ပါတယ်။
Services တွေပေးနေတာ ရပ်သွားတာ ခဏတဖြုတ်ရပ်သွားတာမျိုးလဲဖြစ်နိုင်သလို လုံးဝရပ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ Attack ပေါ်မှာ မူတည်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေပေါ်မှာ မူတည်တာပေါ့။ အဲဒီလို Services တွေ ပေးနေတာ ရပ်သွားတယ်ဆိုတာကလည်း Server က တကယ့်တကယ့်လုံးဝ ဘာမှမလုပ်တော့ဘဲ ရပ်သွားတာမျိုး မဟုတ်ပါဘူး။
အဲဒီလို တိုက်ခိုက်ခံရတဲ့ အချိန်မှာ အဲဒီ Server ရဲ့ တကယ့် Client အစစ်တွေက Server ဆီက ဘာမှ Response ပြန်မရတော့ပေမယ့် Server ကတော့ သူတတ်နိုင်တဲ့ပမာဏထက်ကို ပိုပြီးတော့ Every Second တိုင်းမှာ Response တွေ ပြန်ပေးနေရပါတယ်။ ဒါဆိုရင် အဲဒီ Response တွေက ဘယ်သူတွေကို ပြန်ပေးနေတာလဲ။ Attacker ဖန်တီးထားတဲ့ Client အတုတွေဆီကို ပြန်ပေးနေရတာပါ။
Attacker ဟာ Client အတုတစ်လုံးထဲနဲ့လည်း Server ဆီကို Requests တွေများစွာ ဖန်တီးပေးပို့နိုင်ပါတယ်။ Client အတုလေးများစွာကို ဖန်တီးပြီး Server ဆီကို Every Second တိုင်းမှာ Requests တွေ ပိုမိုများပြားစွာ လည်း ဖန်တီးပေးပို့နိုင်ပါတယ်။ Request တွေကတော့ ပုံစံမျိုးစုံ ဖြစ်နိုင်ပါတယ်။
အသုံးအများဆုံးကတော့ "Ping" Request ပါ။ (Command Line Command ပါ။ Computer တစ်လုံးနဲ့တစ်လုံး Network မိမမိ စမ်းတဲ့အခါမှာသုံးတဲ့ Command ပါ။) တခြား Request မျိုးတွေလည်းဖြစ်နိုင်ပါတယ်။ အဲဒီ Requests တွေကို ပြန်လည် Response ပေးနေရတာကြောင့် Server ခမျာ လုံးဝမအားနိုင်တော့ဘဲ တကယ့် Client အစစ်တွေဆီကို Response ပြန်လည်မပေးနိုင်တော့တာဘဲ ဖြစ်ပါတယ်။