DreamSuite Ultimate Software ကို အသုံးပြုခြင်း

Written by S.N.O Published in 28 Nov 2014

DreamSuite Ultimate ကတော့ ကွန်ပျူတာအတွင်းရှိ ဓါတ်ပုံများကို အလွယ်ကူဆုံးနှင့် အမြန်ဆန်ဆုံး ပြင်ဆင်ပေးနိုင်တဲ့ ဆော့ဖ်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။

ဓါတ်ပုံများကို Effect ထည့်သွင်းခြင်း Photo Frame များ ထည့်သွင်းခြင်း၊ ပန်းချီပုံစံ ဓါတ်ပုံများအဖြစ် ပြောင်းလဲခြင်း စတာတွေကို လွယ်ကူ လျှင်မြန်စွာ ပြုလုပ်ဆောင်ရွက်နိုင်တဲ့ Application ကောင်းတစ်ခု ဖြစ်ပါတယ်။ အခု DreamSuite Ultimate ကို Run လိုက်ပါမယ်။ ဒါဆိုရင် DreamSuite Ultimate ရဲ့ Home Screen ကို ယခုလို တွေ့မြင်ရပါလိမ့်မယ်။

 

 

ကွန်ပျူတာအတွင်းရှိ ဓါတ်ပုံများကို လိုအပ်သလို ပြုပြင်ရန်အတွက် File > Open လုပ်ပြီး နှစ်သက်ရာ ပုံတစ်ပုံကို ထည့်သွင်းလိုက်ပါမယ်။

 

 

ဒါဆိုရင် သင်ရွေးချယ်ပေးလိုက်တဲ့ ဓါတ်ပုံဟာ DreamSuite Ultimate အတွင်းသို့ ရောက်ရှိသွားတာကို တွေ့မြင်ရပါလိမ့်မယ်။ အခု ဒီပုံနှင့်ပတ်သက်ပြီး ပြင်ဆင်မှုများကို ဆက်လက် ပြုလုပ်ဆောင်ရွက်ပါမယ်။ ဒါကြောင့် DreamSuite Ultimate ရဲ့ အပေါ်ဖက် ရှိ Select Layer Preset ကို နှိပ်လိုက်ပါမယ်။

 

 

DreamSuite Ultimate မှာ Preset ပေါင်းများစွာ ပါဝင်ပါတယ်။ ဘယ်ဖက်အခြမ်းရှိ Presets များမှ တဆင့် သင့်စိတ်ကြိုက် Preset များကို ရွေးချယ်ပေးနိုင်ပါတယ်။

 

 

ပြီးရင်တော့ အောက်ဖက်ရှိ OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင်ရွေးချယ် ထည့်သွင်းလိုက်တဲ့ Effect ပုံစံအတိုင်း လှပကောင်းမွန်တဲ့ ဓါတ်ပုံ Effect တစ်ခုကို ရရှိသွားမှာ ဖြစ်ပါတယ်။ ဒီပုံကို သိမ်းဆည်းချင်တယ်ဆိုရင်တော့ File > Save ကို နှိပ်ပြီး အလွယ်တကူ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.