Driver Booster

Written by S.N.O Published in 12 Aug 2014

Driver Booster ဆော့ဖ်ဝဲကတော့ ကွန်ပျူတာအတွင်းရှိ out of date ဖြစ်နေသော Driver များအားလုံးကို အလွယ်တကူ Update ပြုလုပ်ပေးနိုင်သည့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

Driver Booster ဟာ Cloud အခြေပြု ဆော့ဖ်ဝဲအမျိုးအစားဖြစ်ပြီး ကွန်ပျူတာအတွင်းရှိ Update အမျိုးမျိုးကို Online ကို အသုံးပြုကာ Download ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

 

 

Driver Booster ဟာ အသုံးပြုရာမှာ လွယ်ကူရှင်းလင်းပြီး ဆောဖ့်ဝဲရဲ့ Home တွင် Scan Button အကြီးကြီးတစ်ခု သွင်းပေးထားပါတယ်။ ဆောဖ့်ဝဲအသုံးပြုသူဟာ Scan ကိုနှိပ်ပြီး ကွန်ပျူတာအတွင်းရှိ Driver များအားလုံးကို ပထမဦးဆုံးအနေဖြင့် Scan ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ဒီလို Scan ပြုလုပ်ပြီးနောက် ကွန်ပျူတာအတွင်းရှိ Outdate ဖြစ်နေသော Driver များအားလုံးကို ရှာဖွေပေးမှာဖြစ်ပြီး Software တစ်ခုချင်းစီအလိုက် လိုအပ်သော Driver များ Update ပြုလုပ်သင့်သော Driver များအားလုံးကို List အနေဖြင့် ပြန်လည်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ပြီးနောက် Upgrade ကိုနှိပ်ကာ ဆောဖ့်ဝဲများအား အလွယ်တကူ Upgrade ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ထိုသို့ Upgrade ပြုလုပ်ပြီးနောက် သင့်ကွန်ပျူတာဟာ Restart ကျသွားမှာဖြစ်ပြီး နောက်တစ်ကြိမ် Windows ပြန်လည်တက်ပြီးပါက ကွန်ပျူတာအတွင်းရှိ ဆောဖ့်ဝဲများအားလုံးကို Upgrade ပြုလုပ်ပြီးသွားပြီ ဖြစ်ပါတယ်။

 

 

Driver Booster ရဲ့ နောက်ဆုံးထွက် Version ကတော့ 1.5 ဖြစ်ပြီး File အရွယ်အစားကတော့ 19.14 MB ဖြစ်ပါတယ်။ Download.cnet.com မှတဆင့် အခမဲ့ Download ပြုလုပ်ကာ အသုံးပြုနိုင်ပြီး ဆောဖ့်ဝဲ အမျိုးအစားကတော့ Freeware ဖြစ်ပါ တယ်။

လက်ရှိ အနေဖြင့် Download ပြုလုပ်အသုံးပြုသူဦးရေ 5 သန်းကျော်ရှိပြီး Windows XP , Windwos Vista , Windows 8 , 8.1 တို့အတွင်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.