Dropbox
Dropbox ကတော့ Cloud Storage ကို အသုံးပြုသူများအနေဖြင့် PC မှ File များကို Cloud သို့ Drag and Drop ပြုလုပ်ကာ File Management ပြုလုပ်နိုင်သော ဆောဖ့်ဝဲ ဖြစ်ပါတယ်။
Dropbox ဟာ PC မှ သင် အသုံးပြုလျှက်ရှိသော File များနှင့် Cloud မှFile များကို Sync ချိတ်ပေးထားမှာဖြစ်ပြီး ကွန်ပျူတာနှင့် Cloud Storage အကြား ဖိုင်များစီမံခြင်းကို အလွယ်တကူဆောင်ရွက်နိုင်သည့် Software ဖြစ်ပါတယ်။ ထို့အပြင် File များ ပျောက်ဆုံးခြင်း၊ Error ဖြစ်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။
Dropbox ဟာ Freeware အမျိုးအစားဖြစ်ပေမယ့် Upgrade ပြုလုပ်ကာ အခကြေးငွေဖြင့်လည်း ၀ယ်ယူအသုံးပြုလို့ရတဲ့ ဆောဖ့်ဝဲ ဖြစ်ပါတယ်။ File Size အရွယ်အစားကတော့ 38.59 MB ဖြစ်ပြီး download.cnetl.com မှတစ်ဆင့် ၀င်ရောက်ကာ Download ပြုလုပ် ရယူနိုင်ပါတယ်။
ထုတ်လုပ်ခဲ့တဲ့ နေ့စွဲကတော့ ဂျူလိုင်လ 21 ရက်နေ့မှာ ဖြစ်ပြီး Windows XP , Windows Vista , Windows 7,8 တို့အတွင်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ လက်ရှိ Downloadပြုလုပ်သူဦးရေ ငါးသိန်းကျော်ရှိပြီး Online Storage အနေဖြင့် အသုံးပြုလိုသူတွေ နှစ်ခြိုက်စေမည့် Software တစ်မျိုး ဖြစ်ပါတယ်။