E-mail အတွင်း Virus ပါမပါ စစ်ဆေးခြင်း

Written by S.N.O Published in 04 Jun 2014

     ယခုအခါ e-mail ကို အသုံးပြုခြင်း များပြားလာသည်နှင့်အမျှ Virus များဖြင့် တိုက်ခိုက်ခံရမှုများ ရှိလာပါသည်။

ကြုံတွေ့နိုင်သည့် Virus မှာ မိမိ၏ e-mail , gmail (သို့) gtalk တွင် မိမိမသိရှိသော အမည်များဖြင့် သော်လည်းကောင်း ၊ Links များဖြင့်သော်လည်းကောင်း မြင်တွေ့ရတတ်ပါသည်။

ထိုအမည်များကို လက်ခံမိခြင်း ၊ Links များကို ဖွင့်မိခြင်း များပြုလုပ်မိပါက Virus ၀င်ရောက်လာပြီး မိမိ၏ Files (သို့) Data များ ပျောက်ပျက်သွားတတ်ပါသည်။ ထို့ကြောင့် ပထမဦးစွာ မိမိထံ ရောက်ရှိလာသော Mail များကို သေချာစွာ စစ်ဆေးပြီး မသိရှိသောနေရာမှ ရောက်ရှိလာပါက လျင်မြန်စွာ ဖျက်ပစ်လိုက်ပါ။

သို့ပေမဲ့ တစ်ခါတစ်ရံတွင် မိမိ၏ မိတ်ဆွေ၊ သူငယ်ချင်းများထံမှ စာနှင့်တကွ Attachment သော်လည်းကောင်း၊ ပုံများသော်လည်းကောင်း ရောက်ရှိလာပြီး Virus ၀င်ရောက်လာတတ်ပါသည်။ ထိုအခါ စာကို ဖွင့်ချင်ပါသော်လည်း Virus ၀င်ရောက်လာမည်ကို စိုးရိမ်နေရတတ်ပါသည်။

ထိုသို့ စိုးရိမ်မှုများမှ ကင်းဝေးပြီး မိမိ Computer အတွင်း Virus ၀င်ရောက်မှုမရှိဘဲ Attached Files များကို အလွယ်တကူ ဖွင့်နိုင်စေရန် အောက်ပါအချက်များ အတိုင်း လုပ်ဆောင်နိုင်ပါသည်။

 

 

(၁) အကယ်၍ မိမိစာအတွင်း Attachment တွဲလျက် ပါဝင်ခဲ့ပါက ထိုစာကို မဖွင့်သေးဘဲ scan@virustotal.com ဆိုတဲ့ address ဖြင့် Forward ပြန်လုပ်လိုက်ပါ။ သို့သော် ထိုစာ၏ size အရွယ်အစားသည် 10MB ထက်ကျော်လွန်၍ မရပါ။

(၂) ပြီးနောက် Forward လုပ်ထားသော စာ၏ Subject နေရာတွင် SCAN ဟု ရိုက်ထည့်ပြီး စာအတွင်း ရေးထားသော အကြောင်းအရာများကို ဖြတ်လိုက်ပါ။ ပြီးဆုံးပါက Send ဆိုတဲ့ Icon ကို နှိပ်ခြင်းဖြင့် ပို့လွှတ် နိုင်ပါသည်။

(၃) မိနစ် အနည်းငယ်ကြာသောအခါတွင် ၎င်းနှင့်သက်ဆိုင်သည့် မှတ်ချက်ကို Reply အနေဖြင့် ပြန်လည်လက်ခံရရှိမှာ ဖြစ်ပါသည်။ Virustotal ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ Computer အတွင်း Attachment Files များကို Download ဆွဲရန်မလိုတော့ပါ။
အကောင်းဆုံးကတော့ ထို Virustotal အတွင်း AVG,Nod32,McAfee နှင့် F-Prot အစရှိသော Antivirus ပေါင်းများစွာဖြင့် ကျွန်ုပ်တို့၏ Attachment Files များကို စစ်ဆေးပေးခြင်းကြောင့် ယုံကြည်စိတ်ချရပါသည်။
တစ်ခု သတိထားရမှာကတော့ Virustotal ဆိုတာက Virus ရှိ၊ မရှိ ကိုသာ စစ်ဆေးပေးပြီး Virus ရှိသော Files များကိုတော့ မရှင်းလင်းပေးနိုင်ပါ။ အကယ်၍ Virus ပါဝင်ခြင်းကြောင့် ထို Virus ကို ရှင်းလင်းမည်ဆိုပါက Anti Virus Software ကို အသုံးပြုခြင်းဖြင့်သာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.