Effect များကို အသေးစိတ်ပြင်ဆင်ခြင်း

Written by S.N.O Published in 28 Aug 2014

        ဒီသင်ခန်းစာကတော့ ယခင်သင်ခန်းစာမှာ လေ့လာခဲ့သော Transition များ ၊ Animation များကို အသေးစိတ်ပြင်ဆင်အသုံးပြုနိုင် စေရန် သင်ကြားပေးမည့် သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ အခု PowerPoint အတွင်း ပုံနှစ်ပုံကို ထည့်သွင်းထားလိုက်ပါ။ ပြီးနောက် ပုံတစ်ပုံချင်းစီအတွင်း နှစ်သက်ရာ Transition များကို ထည့်သွင်းထားလိုက်ပါ။

ဒီလိုမျိုး Transition များကို ထည့်သွင်းပြီးသွားပြီဆိုရင် ၎င်း Transition နှင့်ပတ်သက်ပြီး ပြန်လည်ပြင်ဆင်အသုံးပြုရန်အတွက် Tool Bar ပေါ်ရှိ Effect Options ကို နှိပ်လိုက်ပါ။

 

 

        ဒါဆိုရင် သက်ဆိုင်ရာ Transition နဲ့ပတ်သက်ပြီး ပြောင်းလဲရွေးချယ်နိုင်သည့် Option ကျလာပါလိမ့်မယ်။ Transition တစ်ခုချင်းစီအလိုက် Effect Option များဟာ တူညီမှာ မဟုတ်ပါဘူး။

        ဥပမာ Split Transition ကို လေ့လာကြည့်ပါ။ သူ့မှာဆိုရင် ယခင် Transition နဲ့မတူပဲ Option လေးခု ပါဝင်တာကို တွေ့ရပါလိမ့်မယ်။

 

 

Transition တစ်ခုရဲ့ ကြာမြင့်ချိန်ကို ပြင်ချင်တယ်ဆိုရင်တော့ ညာဖက် ရှိ Duration မှာ ရွေးချယ်ပေးနိုင်ပါတယ်။ Apply to All ကတော့ ဒီ Setting အတိုင်း Transition တွေအားလုံးကို ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

 

 

ဆက်လက်ပြီး Animation ကို လေ့လာကြည့်ပါ။ Animation မှာလည်း Effect တစ်ခုချင်းစီအလိုက် Effect Options များစွာ ကွဲပြားနေတာကို တွေ့ရပါလိမ့်မယ်။

 

 

        သူ့မှာလည်း ယခင် Transition အတိုင်းပဲ Duration ကို ပြင်ဆင်အသုံးပြုနိုင်ပါတယ်။ Animation ရဲ့ နောက်ထပ်ပြင်ဆင်အသုံးပြု နိုင်တဲ့ Feature ကတော့ Animation Pane ဖြစ်ပါတယ်။

        Animation တစ်ခုကို ထည့်သွင်းလိုက်မယ်ဆိုရင် ၎င်း Animation နဲ့ သက်ဆိုင်တဲ့ Animation Pane ကို ယခုလိုတွေ့မြင်နိုင်ပါတယ်။

 

 

        Animation Pane ရဲ့ အောက်ရှိ Play From ကို တစ်ချက်နှိပ်ကြည့်လိုက်ပါ။ သက်ဆိုင်ရာ Animation ရဲ့ ရုပ်ပုံကို ပြသပေးနေမှာ ဖြစ်ပါတယ်။

        နောက်ထပ် အားသာချက်တစ်ရပ်ကတော့ Picture 1 ဘေးနားမှာရှိတဲ့ အစိမ်းရောင်နဲ့ပြထားတဲ့ Animation Duration ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၎င်း အစိမ်းရောင်လေးပါ် Mouse နဲ့ ဖိဆွဲကြည့်ပါ။ Animation ရဲ့ ကြာမြင့်ချိန်ကို ပြင်ဆင်ပေးနိုင်တာကို တွေ့ရပါလိမ့်မယ်။

 

 

အခုဆိုရင် PowerPoint Project အတွင်းရှိ Transition နှင့်ပတ်သက်သော ပြင်ဆင်မှုများ Animation နှင့်ပတ်သက်သော ပြင်ဆင်မှု အားလုံးကို နားလည်ကျွမ်းကျင်သွားပြီ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.