EU မှ Google Search ရှိ Personal Data များ ထုတ်ပြခြင်းကို တားမြစ်

Written by S.N.O Published in 02 Jun 2014

မကြာသေးမီ ရက်ပိုင်းအတွင်း EU ရဲ့ စည်းမျဉ်းစည်းကမ်း အရ Google Search မှ Website Link များတွင် မဖော်ပြစေလိုသော စာသားအကြောင်းအရာများကို Remove ပြုလုပ်ပြီး ဖယ်ရှားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

       Website များအနေဖြင့် Search Engine မှာ အကြောင်းအရာများကို ရှာဖွေရာတွင် မဖော်ပြစေလိုသော အကြောင်းအရာ စာသားများကို Google သို့ Report ပြုလုပ်ကာ ဖယ်ရှားနိုင်ကြောင်း Google မှ ပြောကြားခဲ့ပါတယ်။

      Google အနေဖြင့် Online Form လို့ခေါ်တဲ့ Feature တစ်ခုကို ပြုလုပ်ထားပြီး အသုံးပြုသူ User များအနေဖြင့် Link အလိုက် Personal Data များကို မေးမြန်းနိုင်သည့် Feature ကို ပြုလုပ်ထားပြီး ယခုအချိန်မှာတော့ Post အလိုက် မဖော်ပြချင်သော စာသားများကို ချန်လှပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ယခုလို Google ၏ လုပ်ဆောင်ချက်ဟာ ဥရောပ ကော်မရှင်အဖွဲ့များ၏ စည်းမျဉ်းစည်းကမ်းအရ ဖြစ်ပြီး အဓိက အချက်ကတော့ ကိုယ်ရေးကိုယ်တာ Privacy ကို ကာကွယ်ရန်အတွက် ဖြစ်ပါတယ်။

ဒီလို စည်းကမ်းချက်များဟာ EU မှ ထုတ်ပြန်ထားခြင်းဖြစ်ပြီး အမေရိကန်အခြေဆိုက် ကုမ္ပဏီများဖြစ်သည့် Google နှင့် Facebook အပေါ်သို့ ဒီ စည်းမျဉ်းများဟာ သက်ရောက်ကြောင်း EU မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.