Facebook ကုမ္ပဏီမှ User Data များ လုံခြုံရေးအတွက် PrivateCore နှင့် ပူးပေါင်း

Written by S.N.O Published in 12 Aug 2014

        Facebook ကုမ္ပဏီမှ ၎င်းရဲ့ လူမှုကွန်ယက် ၀ဘ်ဆိုက်ကို အသုံးပြုသော User များရဲ့ Data များအား ပိုမိုလုံခြုံစိတ်ချမှု ရှိစေရန်အတွက် PrivateCore ကုမ္ပဏီ နှင့် ပူးပေါင်းဆာင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

PrivateCore ကုမ္ပဏီဟာ လက်ရှိ လုံခြုံရေး အဆင့်အတန်းမြင့်မားတဲ့ Server များကို ထုတ်လုပ်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ 2012 ခုနှစ်အတွင်း ကယ်လီဖိုးနီးယား ပြည်နယ်မှာ စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း လည်း ပြောကြားသွားပါတယ်။

 

 

        PrivateCore ကုမ္ပဏီဟာ Software များကို ထုတ်လုပ်သော ကုမ္ပဏီတစ်ခုဖြစ်သလို ၎င်းရဲ့ Secures Server Data များဟာလည်း နာမည်ကြီး လူသိများပါတယ်။

ကုမ္ပဏီရဲ့ ရည်မှန်းချက်ကတော့ Server များအတွင်း Malware များ အလွယ်တကူ မ၀င်ရောက်နိုင်စေရန်နှင့် Unauthorized Access လို့ခေါ်တဲ့ အခြားဝဘ်အသုံးပြုသူများမှ ဆာဗာအတွင်း အလွယ်တကူ မ၀င်ရောက်နိုင်စေရန် ဖြစ်ပါတယ်။

ဒါကြောင့် PrivateCore ရဲ့ Software များဟာ Facebook အတွက် အမှန်တကယ် အသုံးဝင်ပြီး Facebook User များအတွက်လည်း အမှန်တကယ် လုံခြုံစိတ်ချမှု ပိုရစေပါတယ်။

PrivateCore ရဲ့ CEO ဖြစ်တဲ့ Oded Horovitz ရဲ့ ပြောကြားချက်အရ ယခုလို Facebook နှင့် လက်တွဲလုပ်ဆောင်ရခြင်းဟာ ၎င်းတို့ အတွက် အထူးအခွင့်အရေးတစ်ရပ် ဖြစ်ကြောင်း ၊ ၎င်းတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀ဘ်လုံခြုံရေးစနစ်များကိုလည်း Facebook နှင့် လက်တွဲဆောင်ရွက်နိုင်တဲ့အတွက်ကြောင့်လည်း အထူး ၀မ်းမြောက်ကြောင်း ပြောကြားသွားပါတယ်။

        Facebook အနေဖြင့် PrivateCore ရဲ့ နည်းပညာရပ်များနှင့် Server များကို ၎င်းတို့အနေဖြင့် အမှန်တကယ် အသုံးပြုရန်လိုအပ်ကြောင်း ၊ နည်းပညာရပ်များနှင့် ရည်မှန်းချက်များကိုလည်း အတူလက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ၊ အဓိက အချက်ကတော့ လုံခြုံစိတ်ချမှုရှိတဲ့ အင်တာနက် စနစ်ဖြစ်ပေါ်လာစေရန် အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.