Facebook မှ Feed များကို ၀ယ်ယူနိုင်သော Buy Feature ကို စမ်းသပ်

Written by S.N.O Published in 29 Jul 2014

     ကမ္ဘာကျော် လူမှုကွန်ယက်ဝဘ်ဆိုက်တစ်ခုဖြစ်သော Facebook မှ Buy Button ကို စမ်းသပ်ဆဲဖြစ်ပြီး ၎င်း Feature ဟာ Facebook အသုံးပြုသူ User များအား News Feed များမှတစ်ဆင့် ၀ယ်ယူနိုင်သည့် Feature အသစ်တစ်ရပ်ဖြစ်ကြောင်း ကြေညာသွားပါတယ်။

ယခုကဲ့သို့ Feature အသစ်စမ်းသပ်မှုနှင့် ပတ်သက်ပြီး အမေရိကန်ရှိ အလတ်စားနှင့် အသေးစားလုပ်ငန်းများအား စမ်းသပ်အသုံးပြုနိုင်စေရန် စီစဉ်ပေးထားကြောင်း နောင်တစ်ချိန်တွင် Facebook အား E-Commerce အနေဖြင့် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဒီ Feature ကို စမ်းသပ်ထုတ်လုပ်ပေးထားခြင်းဖြစ်ကြောင်း Facebook မှ ရှင်းလင်းပြောကြားသွားပါတယ်။

 

 

Facebook ရဲ့ Buy Feature ဟာ ကွန်ပျူတာ Desktop အသုံးပြုသူများ၊ မိုဘိုင်းဖုန်းမှတစ်ဆင့် Facebook အသုံးပြုသူများအနေဖြင့် ကုမ္ပဏီလုပ်ငန်းများရဲ့ကြော်ငြာများနှင့် ထုတ်ကုန်များကို Facebook မှ တိုက်ရိုက် ၀ယ်ယူနိုင်ရန် စီစဉ်ထားသော Feature အသစ်တစ်ရပ်ဖြစ်ပြီး အထူးသဖြင့် ကြော်ငြာလုပ်ငန်းများအတွက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

Facebook အသုံးပြုသူများအနေဖြင့် ၀ယ်ယူသောပစ္စည်းအလိုက် အွန်လိုင်း Payment စနစ်ဖြင့် ငွေချေရမည်ဖြစ်ကြောင်း၊ ဒီ Feature ကိုလည်း Privacy အနေဖြင့်သာ အသုံးပြုရမှာဖြစ်ကြောင်း၊ Credit ဒါမှမဟုတ် Debit Card များကို တစ်ဦးမှတစ်ဦးသို့ Share ပြုလုပ်ကာ လွှဲပြောင်း အသုံးပြုခွင့်ပေးမှာမဟုတ်ကြောင်း Facebook မှ ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

ထို့ပြင် Facebook ၏ API (Application Programming Interface) မှလည်း Third Party Application များကို အသုံးပြုကာ User များအနေဖြင့် Payment များကို ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.