File များရဲ့ User Permissions ကို ပြောင်းလဲခြင်း
User Persmission ဆိုတာကတော့ ကွန်ပျူတာ အသုံးပြုသူတစ်ဦးရဲ့ လုပ်ဆောင်နိုင်စွမ်း အသုံးပြုနိုင်စွမ်းကို ပြောတာ ဖြစ်ပါတယ်။
များသောအားဖြင့် ကွန်ပျူတာတစ်လုံးမှာ User Account တွေခွဲပြီး အသုံးပြုရာမှာ ဒီ user permissions ဆိုတာဟာလည်း အရေးပါလာပါတယ်။ လက်ရှိ ကွန်ပျူတာမှာ User Account သုံးခု ပြုလုပ်ထားပါတယ်။ No 1 Account ဖြစ်တဲ့ Administrator ဟာ ကွန်ပျူတာတစ်လုံးအတွင်းရှိ File များ , Software များ Folder များအားလုံးကို Access ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ဒါကိုတော့ Full Control လို့ ခေါ်ပါတယ်။
နောက်ထပ် No 2 Account ဖြစ်တဲ့ Guest Account ကိုတော့ ကွန်ပျူတာအတွင်းရှိ File များကို သာကြည့်ရှုလို့ရမယ် ၊ ပြင်ဆင်ခွင့် ၊ ဖျက်ခွင့်မပေးထားပါဘူး။ ဒါကို user permissions ခွဲထားပြီး Full Control လုပ်လို့မရအောင် ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။
ဒီနည်းလမ်းအတိုင်း အခြား Program များကိုလည်း နောက်ထပ် Account မှာ အသုံးမပြုနိုင်အောင် ပြုလုပ်ဆောင်ရွက်ထားလို့ရပါတယ်။ ဒါကြောင့် ကွန်ပျူတာတစ်လုံးအား User Account တွေခွဲပြီး အသုံးပြုရာမှာ ဒီ Permission ဟာ အရေးပါလာတာကို တွေ့ရပါတယ်။
File တစ် File , သို့မဟုတ် Folder များရဲ့ Permissions ကိုကြည့်ရှုရန်အတွက် အရင်ဦးဆုံး ၎င်း File ကို Right Click နှိပ်လိုက်ပါ။ ပြီးနောက် Properties ကို ရွေးလိုက်ပါ။
ပြီးနောက် Security ကို ရွေးလိုက်ပါ။ ဒါဆိုရင် ဒီ File နဲ့ ပတ်သက်ပြီး Access လုပ်နိုင်တဲ့ User များကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
Permissions ကိုပြင်ဆင်ရန်အတွက် Edit ကို နှိပ်လိုက်ပါမယ်။
ပထမဆုံးတွေ့နေရတဲ့ Authenticated User ဆိုကို ရွေးထားပါတယ်။ သင့်ကွန်ပျူတာမှာကတော့ နှစ်သက်ရာ user Account တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ပြီးနောက် အောက်က Allow ဘေးနားမှာ Full Control ကို ရွေးလိုက်ပါမယ်။
ဒါဆိုရင် ဒီ User ဟာ ၎င်း File နဲ့ ပတ်သက်ပြီး Control အပြည့်အ၀ လုပ်နိုင်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ user Permission ပိတ်ချင်ရင်လည်း ဒီနည်းလမ်းအတိုင်း ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။